ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Sunday, June 30, 2013

ရှိနေစဲပါ တကား


ရှိနေစဲပါ တကား
************

အို ........

အသင်လောက

သစ္စာလေးပါး

မြတ်တရားကို

ကောင်းစွာမမြင်

အယူကလွဲ

အသိမွဲနှင့်

     သူ ရှိနေစဲပါ တကား ......
 
 

မောင့် အလွမ်းတို့ပျောက်ပါစေ


မောင့် အလွမ်းတို့ပျောက်ပါစေ
*********************



မောင် ရေ
လ ရောင် မလင်း
ကြယ် တစ်စင်းမသာ
မေ့ ရင် တွင်း မှာ
ဗ လာ န တ္ထိ
ဘာ မှ မရှိတော့ပါလား ....


မောင် ရေ
ပေး ခဲ့ ဖူး သော
ပန်း တစ်ပွင့်ရယ်အတွက်
အ ပြစ် တင် လုပ်
ရန် လည်း မလုပ်ခဲ့ပါလား .....


မောင် ရေ
ရေ မြေ ခြား လို့
ဝေး ကြ ကြေး ဆို
အ ချစ် စစ် ဆို တဲ့
စ ကား သုံး လုံး
မေ့ အမုန်းဆုံး ဖြစ်ရမှာပေါ့ ......


မောင် ရေ
တစ် ဘ ဝ ရယ်
မ ခွဲ ချင် ပေ မယ့်
ကံ ကြ မ္မာ က
မျက် နှာ သာ မပေး
တစ် သက် တာ ရယ်
ဝေး ရ မယ် ဆို
လှမ်း လှမ်း ၍ လေ
ရေ မြေ က ခြား
မောင် တစ် ယောက် တော့
အလွမ်း အလွမ်း ပြေပါစေသား .........


အမိုက်မ (ခ) မိန်းမပျက်

 
*****************

ဒီမယ် ဒီမယ်

မ အ ဝှာ ရဲ့

အ သိ က မွဲ

အ ယူ လွဲ နဲ့

ခင်ဗျာကိုတော့

ပြောလိုက်အုံးမယ်

အရွယ်ကျော် တစ်စိတ်ပိုင်း

အော်

အပျိုတော် အစိတ်ပိုင်း ဆိုပေမယ့်

ခင်ဗျာအသိက လေးလေးဝါး

တွေး တွေး သ နား တယ် ဗျာ

ပိုးဖလံမျိုး မီးကိုတိုးနဲ့

တဏှာရစ်ကာ တိုးတိုးလို့နစ်

အမိုက်မှောင်တွင်း အခါခါဆင်း

ကယ်သူမသနား ပုတ်ထုတ်ကာသွား

ညဏ် မွဲ လား ကြီး လား အမိုက်မရယ်

သော့ များ မည် သည် ပန်း သဏ္ဍန်ညီ၏

ပန်းဦးအခါခါ ပေးခဲ့ပါမူ ပိုးကိုက်သောပန်း

သော့ အိမ်တစ်ခုရယ် သော့ ပေါင်းများစွာက

ဖွင့် ပြီးပါက ဘယ်မှာ ကောင်း မည်း နည်း

ကျား တွေ က တော့ ပြုံး မှာ ပေါ့

မာစတာ ကီး ကို မှ လာ စမ်း ချင် တဲ့

သော့ ပျက် ကြီး လို့ လေ .......

နွေ

နွေ
***

နွေ တဲ့ လား ကွယ်

ရိုး တံ တွေ က ကြဲ

အ လွမ်း ပွင့် တွေ က သည်း

မျက် ရည် တွေ က မ စဲ

နင် ထား ခဲ့ သော ရက် တစ် ရက် ပဲ .....


နွေ နွေ နွေ နွေ

စမ်း ရေ တွေ လည်း ခမ်းတဲ့ နွေ
အလွမ်းတွေလည်း ပျောက်တဲ့ နွေ
အပျော်တွေလည်း မဲ့ခဲ့ရတဲ့ နွေ


 

ညို


ညို
*******

မှိုင်းညို့ညို့ရယ်
ပြာရီဝေလို့
ဝလာဗွေစိုင်း
ရှစ်ခွင်းတိုင်းမှာ
မျက်ဝန်းရယ်ညို့
မျက်ရည်စို့ကာ
ပြိုတော့မယ်ပေါ့ ညို .....


ရွာမယောင်ရယ်
မိုးသားအောက်မှာ
တိမ်အလွှာတွေ
ဖြိုအားမောက်ကာ
လွမ်းဖို့လက်တို့
မျက်ရည်စို့မှ
ခွဲခွာအဝေး
ထွက်လို့ပြေးတာလား ညို ......


ရှစ်ခွင်တိုင်းလည်း မဲ
မောင့် ရင်ထဲလည်း မစဲ
မျက်ရည်တွေ က သည်း
ဩော်
အလွမ်း အလွမ်း တွေ ပါပဲ ညို .......

နေတက်ပါပြီ ခိုင်



************


မနေတက်ပေမယ့်
ကျေနပ်အောင်လို့
     နေတက်ခဲ့ပါပြီ ခိုင် .......
×××××××××××

ခေါ်ထားပေမယ့်
ထားခဲ့သူကလည်း
နင် ပါ ပဲ ခိုင် .......
×××××××××××

တွေ့မလားရယ်လို့
နေ့တိုင်းပင်လေ
မျှော်မိပေမယ့်
ပေါ်မလာတာလည်း 
နင် ပါ ပဲ ခိုင် ......
++++++++++++

ခိုင် ရေ 
ချန်ထားကျန်ရစ်
ငါ ဖြစ် ရ ပေ မယ့်
အသစ်သစ်တွေနဲ့
ပျော် ရစ် ကာ လေ 
နင် နေ ရစ် ပါတော့
ငါ က တော့ ကွယ်
မ ရွှင် အ သည်း 
နာ ရ သူ မို့
ရင် ခွဲ ကာ ရယ် 
ပေး ခဲ့ ပါ ပြီ
မနေတက်ပေမယ့်
ကျေ နပ်အောင်လို့
နေတက်ခဲ့ပါပြီ ခိုင် .......

Friday, June 28, 2013

ငါ မလွမ်းတော့ပါဘူး သိမ်မွေ့ရယ်


ငါ မလွမ်းတော့ပါဘူး သိမ်မွေ့ရယ်
***********************
ငါ 

မလွမ်းတော့ပါဘူး

သိမ့် မွေ့ ရယ် 

နင် 

သွားမယ့် လမ်းတစ်လျှောက်

အလွမ်းဆိုတဲ့ သောကမိုးပေါက်

ဘယ် အခါမှ မကျရောက်ပါစေနဲ့လို့

နူတ် ဆက် ချွေ ရင်း

ကံကြမ္မာ မျက်နှာမပေးတော့

ခု များ ဆို အစဉ်ဝေးမှာမို့

နင် လည်း မ မုန်း

ငါ လည်း မ မုန်း

အပြုံးများနဲ့ လမ်းခွဲ 

ငါ့ 

နှလုံးသား ဈာပန ပွဲ

ရာသီတစ်ပတ် လည်ခဲ့ပြီ


ရာသီတစ်ပတ် လည်ခဲ့ပြီ
*****************

မေ

နွေ တစ် ခင်း ရဲ့

ဟို တ လင်း မှာ

ခ ရေ ဖူး တို့

ကြွေ လူး တော့ မယ် .....

မေ

လ ဝါ ဆို မှာ

ဝါ ဆို ပန်း တို့

ပွင့် ဖူး စုံ ညီ

အ စီ အ လျော့

ဝေ ဆာ တော့ မယ် .....

မေ

သ ဏ္ဍန် ညီ လှ

ဆောင်း တ ည မှာ

ပုန်းညက် သဇင်

ပွင့်သွယ် ဂမုန်း

အ လှ ဆုံး တို့

စီ ကာ ဝေ ကြော့

             ရာသီ တစ်ပတ်ပင် လည်ခဲ့ပြီ ပေါ့ ........

မျှော် သာ မျှော်


မျှော် သာ မျှော်
**********


လာ လာ လာလမ်းကိုမျှော်

မျှော် မျှော် သာခဲ့ပေမယ့်

ပေါ် ပေါ် မလာလေတော့

အချစ်ရေ .....
 
 
သူစိမ်းတွေပဲမို့

အစိမ်းတစ်ကယ် ခွဲတာလား .........

သို့ ဧကရီ


သို့ ဧကရီ
*******


အိုဘယ့် မဟေသီ
ဧကရီရေ စကားနှစ်လုံး
အလှဆုံးကို နူတ်မူကြွကြွ
အဖွင့်ဟခင် မေးမှဖြစ်မည် ....


အိုဘယ့် မဟေသီ
ဧကရီမှာ ကြင်သူသက်လျာ
ရွေးချယ်ကာထား ရှိပါသလား ???

အိုဘယ့် မဟေသီ
ဧကရီမှာ အိမ်ဦးနတ်များ
စောဦးလင်စွာ ရှိပါသလား ???

ဗုဒ္ဓဘာသာ မျိုးဆွေရင်းမို့
ဒု သ နာ သော အချင်းလေးပါး
မြတ်တရားကို ကြောက်မိသားကွယ်
ဒါကြောင့်
အကျွန်တော်မျိုး၏ အချစ်များရယ်
သဒ္ဒါလွန်ကာဖြစ် နစ်ကျွန်ကာလေ
မနစ်ရအောင် အိုဘယ့် မဟေသီ
ဧကရီက စကားလှလှ
နူတ်လှလှမှ ဖွင့်ဟကာပြော
အတွင်းသဘော ........

ညီမလေးထံ သို့ ရင်ဖွင့်လွှာ


*********************
 


သံသရာ ကို လေ
မြစ် လို့ သဘောထား

အချစ် ကိုတော့
ည များစွာလို့ မှတ်ထားနော်

သမုဒယနဲ့ တွယ်တာခြင်းတွေက
အကိုရဲ့ စီးဆင်းမယ့် မြစ်ရေတွေပေါ့

သစ္စာကို ပန္နတ်ရိုက်

သံယောဇဉ်ကို အုတ်မြစ်ချ

အကြင်နာကြိုးတွေ ခိုင်ခိုင်ကျစ်

မေတ္တာတွေကို မိုးကာထားလို့

ကဗျာသီလိုက် စာစီလိုက်နဲ့

ဇဝေဇဝါ ပစ္စုပန်မှာ

သေခြာအောင် လက်တွေခိုင်ခိုင်တွဲရင်း

အနာဂတ်မှာ ထာဝရတော့

ပတ်သတ်ခွင်လေး ပေးပါလားကွယ်

ညီမလေးရယ် ......

ညီ မ လေး

 
********
 ညီမလေးရေ

အကို့ ရဲ့ညများ

ညီမ ဖမ်းစားလို့

ဝင်လာတာလားကွယ် ညီမလေးရယ် ..


ညီမလေးရေ

ညများစွာရဲ့

အကို့ ကမ္ဘာမှာ

လ မသာတာ ကြာပေါ့

ဒဏ်ရန်များနှင့် လူမို့လေ

မကြင်နာလို့ တစ်မင်ခွာမယ်ဆို

ဝင်မလာပါနဲ့နော် ညီမလေးရယ် .....


ညီမလေးရေ

အချစ်ဆိုတာကြီးက

အကို့ အတွက်ခါးတယ်

ခဲမှန်ဘူးတဲ့ စာသူငယ်လို့

ချစ်ရမှာလည်း ကြောက်နေသူပေါ့

တစ်ကယ်လို့လေ ညီမလေးကများ

အကြင်နာစစ်နဲ့ ချစ်ဖို့တွက်များဆို

ပေးဆပ်ကြည်ဖြူ နှလုံးသားလှူမယ်

ချစ်သောညီမ မနက်ဖြန်တိုင်းမှာပျော်ရမည် .........

Wednesday, June 26, 2013

"ငါ"ကျစ်ခဲ့သော "ကြိုး"

"ငါ"ကျစ်ခဲ့သော "ကြိုး"
***************

မပွင့်လင်းခြင်းအစ
"သံသယ"

တင်းမာခြင်းအစ
"မာန"

နားမလည်ခြင်းအစ
"အတ္တ"

သံသယ မာန ထို အတ္တတွေ
သိခဲ့၍လား မသိလို့များ
ပတ်ချည်နှောင်ရစ် တို့အချစ်ကို
မာနမာန်တက် အတ္တဖက်နွယ်
တွယ်တာသမျှ ကျစ်ခဲ့ကြိုးလေး
ဖြတ်ကာပိုင်းလို့ စိမ်းကားရက်စက်
ထားခဲ့မည်ပေါ့ ......

သွားပါတော့လေ
ဘဝအဖော်မဖြစ်
ခဏအပျော်ချစ်ဆိုတော့

သံယောဇဉ် "ကြိုး" မေတ္တာ "ကမ်းပါး"
"ငါ"၏ အချစ်များ ပြိုကျပျက်စီး
ကြေကွဲသောက အနာကျလည်း
လွမ်း၍တမ်းတ ဝမ်းနည်းရလျှင်
အားရအောင်ပဲ ငိုလိုက်မည်
အစဉ်အမြဲလေ "နင်"ခွဲပေမယ့်
ရင်ထဲထာဝရ ရှိနေမည်က
"ငါ"ကျစ်ခဲ့သော "ကြိုး"

မောင် နှင့် မေ


မောင် နှင့် မေ
**********


မောင်
ထယောင်မှိုင်ငေး
အတွေးလေလူး
ဟိုသည်မြူးလို့ ရူးများရူးလား
မသိပါ မောင် ....

မေ
အတွေးပွေနှောက်
ဗျာပါမချောက်နဲ့
တစ်မိုးအောက်မှာ တစ်ယောက်ထဲ
မဖောက်လွဲလို့ ချစ်တယ် မေ ...

မောင်
မွန်းကြပ်ရွှေဘဝင်
စားမဝင်ခဲ့
ဘဝင်တုန်နွမ်း ရင်ခုန်ကျွမ်းလို့
အရမ်းလွမ်းတယ် မောင် ....

မေ
တစ်ဘဝအရေး
ခဏဝေးလို့
အားငယ်သလား နားလည်ထားနော်
ထာဝရအဖော်ဆိုပြီးတော့လေ....

မောင်
နာရီအုံးမောင်း
အချိန်းတွေပြောင်းလို့
မောင့် မေတ္တာတွေ ပြောင်းမှာလားကွယ်
စဉ်းစားလိုပင် အိပ်မရတယ် ....

မေ 
ရာသီရဟတ်
တစ်ပတ်လေစေ
ဆောင်းနွေမိုးပြောင်း မဟောင်းမပြစ်
အချစ်စစ်မို့ နှောင်းကမ္ဘာထိ
       မောင့် သစ္စာတို့ တည်ပြမယ် ....
 

♥ကို♥


♥ကို♥
*******

မမြင်ရဘူး ရင်သို့ဆူးလို့
အရမ်းချစ်မိပြီ "ကို".....

ငှက်တစ်ကယ်နှယ် ခိုးနားဖို့ရာ
ရင်မှာအသိ ရှိနေပြီဟု
စိတ်ဝယ်စွဲမှတ် ချစ်တက်ခဲ့ပါပြီ "ကို" ....

မြက်တစ်ပင်လို တိခနဲရယ်
ဖြတ်လွယ်ပြတ်လွယ် တွယ်တာမရစ်
အမျှင်မရှိ ရတိပြတ်လည်း
နေလို့မရတော့ပါလား "ကို" ....

ကြာတစ်ရိုးလို အမျှင်တွဲနှင့်
ခွဲခွာဖယ်ခက် မစွန့်ရက်တဲ့
သံယောဇဉ်က တိုးတိုးရစ်လို့
အသက်တမျှပင် ချစ်မိပါ၏ "ကို" ....

"ကို" မှ "ကို" ဆိုတဲ့ အချစ်နဲ့
သမုဒယ ဆိုတဲ့ "အမြစ်" က
နှစ်ရှည်လကြာ ရာသီများစွာ
ဘယ်သူလာလို့ ဖြတ်မလည်း ကို .....

ဒါကြောင့် ကို ရေ 
နှလုံးသားရဲ့ အချစ်အိမ်မှာ
သောကအလွမ်းတို့ ပြေရအောင်လေ
ရင်ခွင်နန်းသို့ လှမ်း လှမ်း လို့
      လာပါတော့လား ကိုရယ် ......
 
  

မေ နှင့် မောင်


မေ နှင့် မောင်
***********


ထယောင်မှိုင်ငေး
အတွေးလေမြူး
ရူးများရူးလား မသိ မောင်....
(မေ)
********

နာရီအုံးမောင်း
အချိန်ပင်ပြောင်း
မဟောင်းမပစ်
နှောင်းကမ္ဘာထိ ချစ်မယ် မေ ...
(မောင်)
********

ကြယ်ရောင်မစုံ
လရောင်မလင်း
မောင့် မျက်နှာလေး လွမ်းလို့ပင်ငေး
(မေ)
******

ရေမြေခြားလို့
လွမ်းအားရယ်ပို
မောင့် ချစ်သူကို အားငယ်သနား
နားလည်ထားပါ ချစ်သူရယ် .....
(မောင်)
*******

တူနှစ်ကိုယ်အရေး
ခဏဝေးတာကို
နားလည်ပါတယ် မောင်
တွေးကာပူမိ
ထားခဲ့ရင်ဆိုတဲ့ အသိက
ရင်မချိပါ မောင် ......
(မေ)
******


ချစ်တာသိလို့
သစ္စာရှိရင်
မောင် လည်းမဖောက်
မေ လည်းမဖောက်
နားလည်ကာထား
အသည်းကြားက
သစ္စာစကားပါ ချစ်သူရယ် ....
(မောင်)
********

ဘယ်သူခွဲခွဲ
မေ တို့မခွဲလို့
အမြဲတူယှဉ်
ကိန္နရီ ကိန္နရာ အသွင်လား မောင်
(မေ)
******

ငှက်မောင်နှံအလှ ပနာသလို့ဆို
မောင့် ချစ်သူကို
ပေးမည်ကတိ တည်မည်သစ္စာ
မောင့် လက်ကိုသာရဲရဲတွဲ
      ဘယ်သူခွဲခွဲ ထာဝရပဲ ဖြစ်ရမည် ...... 
(မောင်)
*********
 

သို့ ကောင်မလေး


*************


သို့

ကောင်မလေးရေ

နူတ်တစ်ရာ စာတစ်လုံးနဲ့

ကဗျာလင်္ကာခြွေလို့ မေးလိုက်အုံးမယ်

"နင်" ပြော ခဲ့တယ်နော်

"သုည"လို့ သတ်မှတ်မှတော့

"နင့်" လမ်း "နင်"လျှောက် "ငါ" လမ်း "ငါ" ဖောက်လို့လေ

"နင်" မြင်အောင် မကြည့်တက်ခဲ့တာလား

ကောင်မလေးရယ် .....

"ငါ"သတ်မှတ်တဲ့ "သုည"က ကိန်းဂဏန်းတွေရဲ့နောက်ကပါ

"နင့်"ကိုယ် "နင်"သတ်မှတ်လိုက်တာက "ဒသမ"ရှေ့ကလေ

အင်းပေါ့ ကောင်မလေးရယ် 

အရေးတော်သလောက် အတွေးကချော်

"အလွဲ"တွေမြင်မှ "အမြင်"တွေလွဲနေတာကို

"ငါ"ဘာများတက်နိင်ပါမလည်း

          "ငါ"ကိုမချစ်တဲ့ "ငါ့" ချစ်သူရယ် ........

အမိုက်မလေး ရယ်


*************


ပန်းလို့လည်းကြွေ
ဘဝ ကံခေလို့
ကျား တစ်ကာရဲ့
ရင်ခွင်တွေကိုမှ
ဖဲမွှေယာထင်နေသလား
အမိုက်မလေးရယ် .......


တဏှာအမှောင်နဲ့
ပကာသနတွေကို
စားသုံးကြည့်တော့
အလှဆိုတာက ခဏတာ
မတည်မမြဲ အသိလွဲလို့
ဩော် အမြင်တွေရယ်က လွဲ
အလွဲတွေရယ်ကို မြင်
ဆန်းထပေမယ့် နန်းမခတော့
ကြွေလွယ်ပျက်စီး နင့် ဘဝခရီးကို
ငါ လေ တွေး တွေး လို့
ရင်လေးပါ တကား
အမိုက်မလေးရယ် ........

ဩော် အချစ် အချစ်


ဩော် အချစ် အချစ်
 
 
**************


 

တစ် နဲ့ တစ် မြှောက် တစ် တဲ့


 

အချစ် နဲ့ အချစ် မြှောက် အချစ် တဲ့




လောကနိယာမ အရ 




အို ................




ဘယ်သူမှမကင်းကြပါတကား
 
 

အလိုရှိသည်

Photo: အလိုရှိသည်
*********

ဒီမယ် ဒီမယ်
ကောင်မလေးရေ 

နှလုံးသားဝယ် ကျွန်းခံလေတော့
လူတစ်ကာလို ချစ်ကံမကောင်း
အဖော်ကမဲ့ အသက်ကကြီး
အော်
မပျက်စီးသေးပါဘူး နော်

အထီးကျန်လို့ အကျည်းတန်တယ်ပဲဆိုဆို
အနှစ်မပါ သစ္စာမတည်
တစ်မင်တစ်ကာ လှည့်စားလို့တော့
မကြင်နာ တစ်မင်ခွာမဲ့
မာယာတွေဆို ဝင်ဝင်မလာနဲ့

မေတ္တာသာမှန် သစ္စာသာရှိ
ရဲ့ဝံ့စွာ လှမ်းလာစမ်းဗျာ
ကျုပ် 
ရင်ခွင်နန်းက ဖွင့်လိုကြိုမယ်
နှလုံးသားက လမ်းပါခင်းပေးမယ်ဗျာ
အချစ်စစ်လေးတော့ ဖြစ်ဖို့လိုမယ်နော်ကွယ်
ကောင်မလေးရယ် ......
*******************

(ချစ်ရသူလှိုင်မင်း)

*********

ဒီမယ် ဒီမယ်
ကောင်မလေးရေ

နှလုံးသားဝယ် ကျွန်းခံလေတော့
လူတစ်ကာလို ချစ်ကံမကောင်း
အဖော်ကမဲ့ အသက်ကကြီး
အော်
မပျက်စီးသေးပါဘူး နော်

အထီးကျန်လို့ အကျည်းတန်တယ်ပဲဆိုဆို
အနှစ်မပါ သစ္စာမတည်
တစ်မင်တစ်ကာ လှည့်စားလို့တော့
မကြင်နာ တစ်မင်ခွာမဲ့
မာယာတွေဆို ဝင်ဝင်မလာနဲ့

မေတ္တာသာမှန် သစ္စာသာရှိ
ရဲ့ဝံ့စွာ လှမ်းလာစမ်းဗျာ
ကျုပ်
ရင်ခွင်နန်းက ဖွင့်လိုကြိုမယ်
နှလုံးသားက လမ်းပါခင်းပေးမယ်ဗျာ
အချစ်စစ်လေးတော့ ဖြစ်ဖို့လိုမယ်နော်ကွယ်
ကောင်မလေးရယ် ......
*******************

အချစ်ဦး


အချစ်ဦး
******

အို ဘယ့် တံကျူရှင်ရယ်

ရနံ့တွေက လှိုင်

အဆင်းတွေက ကြိုင်

အခြွေမလွယ် အကြွေကခက်

ခူးဖို့ရွယ် ကြံရည်စူး

သခင်ဟာလေ 

အချစ်ဦးပါ .....
 

သစ္စာမရှိ ပျက်စီးပါ၏


-----------------------


တစ်စက် နှစ်စက်
ကျလိုက်တဲ့ မျက်ရည်စက်
ဟော ဟိုမှာလည်း တစ်စက်

တစ်ကြိမ် နှစ်ကြိမ်
အကြိမ်ကြိမ် ကျစ်ခဲ့သောကြိုး
ဟော ပြတ်တော့မှာပါလား

တစ်နှစ် နှစ်နှစ်
တို့များအချစ် သည်တစ်ခါတော့
ဟော မတည်မြဲပါလား

တစ်ခါ နှစ်ခါ
အခါခါလိမ်တော့ သစ္စာမရှိ
ဟော ပျက်စီးပါ၏


 

သာသနာမကွယ်ပျောက်ပါစေနှင့်




***********************

ထိုင် နေ ရင်း တည်

ထ နေ ရင်း တည်

လမ်း လျှောက် ရင်း တည်

ဤ အ ရ ဟံ ဂုဏ်တန်ခိုးကြောင့်

တို့ သာသနာ ဘယ်သောအခါမှ

မကွယ်ပျောက် မပပျောက်ပါစေနှင့် ......

ထာဝရလူပဲဖြစ်ပါရစေ


****************
ကောင်မလေးရေ

နင် ဘာတွေပဲ ဖြစ်ခဲ့ဖြစ်ခဲ့ပေါ့

ငါ ကလေ

နင့် ရဲ့ ပထမ လူပဲ ဖြစ်ဖြစ်

ဒုတိယ လူပဲ ဖြစ်ဖြစ်ပေါ့

ငါ ဂရု မစိုက် ခဲ့ပါဘူး

ကောင်မလေးရယ်

ငါ ဖြစ်ချင်တာကလေ

နင့် ရင်ထဲက ထာဝရ လူပဲ ဖြစ်ချင်ခဲ့တာပါ

ကောင်မလေးရယ် .......

လ မင်း ကြွေ


 
ဒီ ည

သာလွန်းတဲ့ လ

ည က လှလှ လ က လှလှ

လမင်းကို ငေးပြီး ကြည့်လိုက်တော့

လမင်း က ပြုံးပြလို့

ဟော 

သတိရမိပါရော

တစ်ချိန်တုန်းက

ကဗျာတွေခြွေတဲ့

ဩော် 

လ မင်း ကြွေ ........

^!^ အလွမ်းများနှင့် လူ ^!^


 
ချစ်သူရေ
မကြင်နာအမုန်း မြှားဆိပ်တွေသုံးရင်း
လွမ်းရအောင်လို့ နင် ကြံဆောင်ပြီပေါ့
ငါ့ အသည်းကွဲမှ နင် ပျော်မယ်ဆို
အသည်းကြွေကြ အလွမ်းမြေခပါစေလေ
နင် ပေးခဲ့တဲ့ အလွမ်းဝေဒနာကို
လွမ်းကဗျာတွေနဲ့ လွမ်းတေးငြီးရင်း
မဖြေသာ ရင်မှာကျွမ်းတဲ့ 
ဒီဒဏ်ရာတွေက ဘယ်အခါမှ 
နွမ်းချောက်ပါမလည်း ချစ်သူရယ် .....


ချစ်သူရေ
ရေပေါ်မှာ အရုပ်ရေးသလို
မေ့ဖို့ကတော့ မလွယ်သေးဘူးလေ
ဘဝအဖော်ဆိုပြီး ခဏအပျော်ချစ်
မဟုတ်ခဲ့တော့ စိုးသားလားကွယ်
စိတ်ကူးထဲမှာလည်း အလွမ်း
ညများစွာမှာလည်း အလွမ်း
မနက်ဖြန်တိုင်းမှာလည်း အလွမ်း
အလွမ်း အလွမ်း တွေကြီးပါလား ချစ်သူရယ် .....


ချစ်သူရေ
နင် မချစ်တဲ့ ငါ က
ငါ့ အရမ်းချစ်တဲ့ နင့် ကို
ကျေးဇူးတွေ အထူးတင်မိပါရဲ့
ကဗျာမရေးတက်တဲ့ ငါ က နင့်ကြောင့်
ကဗျာတွေခြွေလို့ အလင်္ကာတွေစာဆင့်
အတွေးပုံရိပ်တွေက တလွင့်လွင့်ရယ်ပါလေ


ချစ်သူရေ
ဘာတွေပဲ ဖြစ်ခဲ့ ဖြစ်ခဲ့ ပေါ့လေ
နင် နမ်းခဲ့တဲ့ ပါး တစ်ခြမ်းရယ် 
ငါ နမ်းခဲ့တဲ့ ပါးတစ်ခြမ်းရယ်က
မွှေးဆဲ အနံမပျယ် ဆဲ သင့်ပျံဆဲ
အလွမ်းနဲ့မှ အကျိုးပေးတဲ့ 
ယောင်ချာချာ ငါ့ ကမ္ဘာမှာ
အလွမ်းဘဏ်လေးဖွင့်လို့ ချစ်သံသရာဝယ်
မျှော်လင့်စောင့်စားရင်း နင် ထားခဲ့တဲ့ 
အလွမ်းများနှင့် လူ သား ပါ ချစ်သူရယ် ...... 

%! ဩော် ခေတ် ခေတ် !%


မပေါ်တစ်ပေါ် ထုတ်ဖော်ကာဝတ်
အော် ကျက်သရည် ရှိတဲ့ ခေတ် ....

ကိုယ်ထက်သာ မနာလိုတွေးလို့ရယ်
ယုတ်မာအကြည့်နဲ့ "ငါ" မှ" ငါ"ပဲ
" ငါ့ဆွေ" ငါ့မျိုး" "ငါ့သား" "ငါ့သမီး"
" ငါ့မြေး"မကျန် ငါ ငါ ငါ ငါ
"ငါ" ဆိုတဲ့ "အတ္တ"တွေ ကြီးဆိုးတဲ့ ခေတ် ....

"တိုက်"ပေး"ကား"ပေး မယားငယ်ရရေး
တဏှာအတွေးနဲ့ သစ္စာမရှိတော့တဲ့ ခေတ်......

" ဝ"မရှိပဲ" ဝိ"လုပ် ဆန်မရှိပဲ စောက်စားကြီး
မဟုတ်မမှန် လုပ်ကြံဇတ်တွေနဲ့
မသူတော်တွေ ပေါသော ခေတ် ...

အချစ်ကိုမှ တန်ဖိုးမထား
အတုအစစ် ကာလာချယ်လို့
မာယာ တွေပေါသော ခေတ်.....

" အမှား"ကို"အမှန်"မြင် "အမှန်"ကို"အမှား"မြင်လို့
အမြင်ကျဉ်းမြောင်းသော ခေတ်.....

အလှမ်းကျယ် အလယ်လတ်ပါလို့
" ငွေ" နောက်ကိုလိုက် ဘဝလည်းဆုံး
လူညွှန့်ပါတုန်း "မိန်းမရွှင်"ပေါတဲ့ ခေတ်....

"ဘုရား" လည်းမသိ "တရား" လည်းမရှိ
အလိုတော်ရိတွေ ကျက်စားတဲ့ ခေတ် ...

ဒါလားဗျာ ခင်ဗျားတို့ ကျွန်တော်တို့
ပြောပြောနေတဲ့ ခေတ် ကြီးကလေ
ထွီ 
ရွံဖွယ်ကောင်းပ ရှက်ဖို့ကောင်းလှ
အဲတာတွေ တွေးတွေးပြီး
စိတ် ပုတီးနဲ့ ရိပ်ကြီးပဲ ခိုရမလိုလို
ခဏလေးဗျာ ဆိုပြီး
ကျုပ်ကတော့ ခေတ် ကို နောက်တစ်ကြိမ်
စားသုံးဖို့ စဉ်းစားနေတုန်းဗျာ ..... 

ငါ့ ဝဋ် ကျွေး


မင်္ဂလာပါ စာသလို့ဝင်လာတဲ့ ည

ခုထိတော့ အမှတ်တရပါပဲ ချစ်သူ

မကြင်နာလို့ တမင်ခွာတာ

ငါ ရင်မနာရက်ပါဘူး ချစ်သူ

အပျော်မချစ် အသစ်မရှာခဲ့ပါပဲ

နင် လှော် ချစ်သွားတာတော့

ငါ့ ဝဋ်ကျွေးပေါ့ ချစ်သူ
 
 

ညီ မ လေး


********
 ညီမလေးရေ

အကို့ ရဲ့ညများ

ညီမ ဖမ်းစားလို့

ဝင်လာတာလားကွယ် ညီမလေးရယ် ..


ညီမလေးရေ

ညများစွာရဲ့

အကို့ ကမ္ဘာမှာ

လ မသာတာ ကြာပေါ့

ဒဏ်ရန်များနှင့် လူမို့လေ

မကြင်နာလို့ တစ်မင်ခွာမယ်ဆို

ဝင်မလာပါနဲ့နော် ညီမလေးရယ် .....


ညီမလေးရေ

အချစ်ဆိုတာကြီးက

အကို့ အတွက်ခါးတယ်

ခဲမှန်ဘူးတဲ့ စာသူငယ်လို့

ချစ်ရမှာလည်း ကြောက်နေသူပေါ့

တစ်ကယ်လို့လေ ညီမလေးကများ

အကြင်နာစစ်နဲ့ ချစ်ဖို့တွက်များဆို

ပေးဆပ်ကြည်ဖြူ နှလုံးသားလှူမယ်

ချစ်သောညီမ မနက်ဖြန်တိုင်းမှာပျော်ရမည် .........

Friday, June 21, 2013

ဗေဒင်ကဝိ အိုပညာရှိတို့

ကြီးရင်လည်း မှီ ငယ်ရင်ချီတဲ့

သက်ကြီးစကား သက်ငယ်လည်းကြား

နေ့နေ့ချင်းထပ် အလွန်မြတ်ဟု

ဟောဖော်ညွှန်ကြား စာစကားနဲ့

မသိလိုတော့ မေးချင်မိတယ်

ဗေဒင်ကဝိ အိုပညာရှိ

နေချင်းထပ်လို့ မြတ်တယ်ဆိုရင်

အသက်တစ်မျှ ချစ်ဦးသူက

ရင်ကိုခွဲလို အသည်းပါယူတော့

အို

ကျုပ်မှာတော့ အသည်းတွေသာကွဲ

ဖော်မပါတစ်ကိုယ်တည်း ဟပ်တပ်ကြီးပါပဲ

ကဲ ကဲ ဘယ်လိုတုန်းဗျ

ဗေဒင်ကဝိ အိုပညာရှိတို့ရ


 


╰⊰✿´ ဘယ်ပန်းလဲကွယ် ချစ်သူရယ် ╰⊰✿´


╰⊰✿´ ╰⊰✿´ ╰⊰✿´ ╰⊰✿´ ╰⊰✿´ 

သခင့်မျက်နှာကို ကဗျာလိုဖတ်၍
ပန်းဖြင့်တင်စား ပန်းအများဖြင့်
ဘယ်ပန်းလဲလို့ မေးချင်မိသည်
ချစ်တဲ့သူရယ် ဖြေစေဖွယ်╰⊰✿´ 

အခေါင်မြင့်ဖျား ဝတိံဘုံကြားက
အသူရာသကြား နတ်အများတို့
စောင့်ကြပ်ရိုသေ အဖိုးထိုက်ပေတဲ့
ကသစ်ပန်းလားကွယ် ချစ်သူရယ်╰⊰✿´ 

ဝသုန်မြေထု အကြောင်းပြုကာ
ယမမင်းရယ် ငရဲသားတို့
အလွန်နှစ်ကြိုက် ဝမ်းနည်းထိုက်တဲ့
သခွပ်ပန်းလားကွယ် ချစ်သူရယ်╰⊰✿´ 

ဟိမဝိန္တာရယ် တောမည်းမည်းဝယ်
ရက္ခ ဂုမ္မာန် ဘီလူး စောင့်ကြပ်
ရှာဖွေသူပန်း မွှေးထုံလျမ်းတဲ့
မြဉ္ဇူသကပန်းလားကွယ် ချစ်သူရယ်╰⊰✿´ 

စိမ်ကြီးဂနိင် မြေနှင့်ရက်ဖက်
နန်းထိုက်တော်ဝင် ပန်းများဘုရင်
ခက်လက်စိမ်းမြ မိုးမခတဲ့
ပန်းသဇင်လားကွယ် ချစ်သူရယ်╰⊰✿´ 

လေဆန်တိုင်းမွှေး ပွင့်ရင်လည်းမွှေး
ဝေရင်လည်းမွှေး ကြွေလည်းမွှေးသော
သွားလေရာကို ရနံ့ပေးတဲ့
ပန်းခရေလားကွယ် ချစ်သူရယ်╰⊰✿´ 

တည်ကြည်မဖောက် နောက်တစ်ယောက်နှင့်
ပွင့် ပြီးလည်းသေ သီး ပြီးသေသော
တစ်သက်တစ်ခါ သစ္စာကြီးမား
ပေပွင့်ပန်းလားကွယ် ချစ်သူရယ်╰⊰✿´ 

ပန်းများသခင် မောင့်သခင်ရေ
ပန်းများလည်းစုံ အလှဂုဏ်ပေါ့
တစ်ခုလေးတော့ မေးချင်သေးတယ်
ဝိဇ္ဇာ ဇော်ဂျီ တပသီ တွေက
မြူးထူးပျော်ပါး ဆော့လို့ကစား
နှစ်ပါးသားကြင် အများမြင်မသင့်တဲ့
သူယောင်မယ်ပန်း 
အို 
ဘယ်ပန်းလဲကွယ် ချစ်သူရယ်╰⊰✿´