
တစ်သက်မခွဲဘူးဆိုတဲ့ မောင့် ချစ်သဲရေ
လွမ်းသမျှတွေကို ကဗျာသီဖွဲလို့
မေ့မရသူ မောင့် ရင် ထဲ မှာ
အသဲတွေလည်း ကွဲ မျက်ရည်တွေလည်း မစဲ
ပေါ်လာနိုးရယ်နဲ့ မျှော်ခါသာနေမိပေမယ့်
အချစ်ညာပလီလို့ သစ္စာမရှိသူရယ်က
မောင့် အချစ်ကမ္ဘာကို ရှောင်ခွာပြေးရင်း
အလွမ်းဝေဒနာ တမင်လာပေးတာပ
လိုက်လေဝေးလေ ပုန်းပါလေတော့
ကျန်ခဲ့သူ မောင့် အဖြစ်ရယ်ကလေ
နေ မြင့် လေ အ ရူး ရင့် ရယ် လေ ပါ မေ♥♥♥
တစ်သက်မခွဲဘူးဆိုတဲ့ မောင့် ချစ်သဲရေ
ချစ်ခဲ့ အချစ်တွေရယ် ပျောက်ဆုံးပြီလား
အမုန်းတွေသာ နောက်ဆုံးမှပေး
ရင်နင့်အောင်ချစ် သေလောက်အောင်လွမ်း
ဇတ်သိမ်းခန်းတွေ ကြမ်းခါနေလည်း
အသက်တမျှ ချစ်လှပါတယ်ဆိုတဲ့
မောင့် မူပိုင်ရှင် မဖုရားရယ်က
မောင့် မျက်ရည်စတွေကိုမှ ခြေ နဲ့ ဆေး
ဩော်
မောင့် အသက်ပါ ပေးလိုက်ပါမယ့်
♥ချစ်သဲတစ်သက် ပျော်ပါစေကွယ်♥
good
ReplyDelete