
"နင်"မလွမ်းဘူးနော်
တစ်ကယ်တမ်းဆို ပူရာတာက "ငါ"ပါ
"နင်"ကတော့ အဖော်သစ်တွေနဲ့ပေါ့
ပျော်ရစ်ကာ ဟားတိုက်ရက်တယ်
စိမ်းလေသူ "နင့်"ကိုတော့ဖြင့်
မျှော်လင့်စွာ သမုဒယအတွေးနဲ့
ဩော် မှန်း စ ခက် ခဲ .....
"နင်"မလွမ်းဘူးနော်
"ငါ"စိတ်တွေက မပြတ်မသား
ကြည့်တိုင်းကြည့်တိုင်း အိမ်မက်တိုင်းမှာ
ပေါ်ပေါ်လာတာ "နင့်"ရုပ်လွှာမို့
ဆုတ်ရင်လည်းစူး စားရင်လည်းရူး
နေမြင့်လေလေ အရူးရင့်လေနဲ့
အမှတ်မရှိတဲ့ "ငါ့"အသည်း
ဩော် ခပ် တည်း တည်း ...
"နင်"မလွမ်းဘူးနော်
စာချန်လေမလား ခေါ်လေမလားလို့
facebook တစ်ခွင် စုံလင်အောင်သာ
ရှာဖွေကာ ညတွေဆက်ပေမယ့်
မိအသည်းညှာ မောင့် ချစ်ဦးရယ်က
"ငါ့"ကိုယ်လေ စော်ကားသူတစ်ချို့ရယ်နဲ့
ခွန်းနူတ်ချို စာလကာင်္ဖွဲ့လေတော့
မျှော်မိသူ "ငါ့"အမှားပါပဲလို့
ဩော် ဖြေ သိမ့် လျက် ပဲ ......
No comments:
Post a Comment