ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Monday, May 6, 2013

~~~ တေး ဆို ခဲ့ သော ငှက် သို့ ~~~


မျက်ဝန်ရယ်ညို့ မှိုင်းရည်မို့လို့
ချစ်ရေးရယ်မညီ လွမ်းတေးသီမည်


မောင့် ရင်တွင်းမှ တေးဆိုသောငှက်
အစာဝလို့ ပျံတော့မည်ပေါ့

ဘယ်ဆီနားရင်း ဘယ်သို့ပြန်မည်
သင်သွားရာလမ်း ဖြောင့်ဖြူးမည်လား
တွေးခါပူခိုက် ရင်ဝယ်စူလှိုက်
မဟီတိုက်သို့ မြည်ချေပြီ .....

စိတ်ဝယ်တွေးပူ မေ့မရသူက
ဝေဒနာတွေ ဒဏ်သင့်ကျန်တောင်
ကြေ ငြာ ရန် မ သင့် လေ တော့
အ မျက် မ ရှ မာန် မ ခ ပဲ
ရင် မှ လေ စေ တ နာ များ နဲ့
ဆု တောင်း ခါ ပဲ ပေးတော့မည်
အပျော်မချစ် အသစ်မရှာ 
မုသားမသုံး မမုန်းဆုတ်ခွာ
ပြုံးသစ္စာရယ် မေတ္တာများနဲ့
ထိုထို လူ သား တွေစေသားလို့
နူတ်ဆက်ကာပဲ ပြောမှားကြားရင်း
မောင့်ကိုမချစ် တဲ့ မောင့် ချစ်သူရေ

ဘဝလမ်းလေး သာယာပါစေနော် ♥♥
 —
  

No comments:

Post a Comment