ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Monday, May 6, 2013

***&& လူ မိုက် ကြီး ပါ ဗျာ &&***


လာ စမ်း ပါ အမုန်းဒဏ်ချက် 
အ ပြုံး ဟန် မ ပျက် လို့
လူမိုက်ကကျွန်တော် အဖော်ရယ်မရှိ
ခ န္မာ ငါး ပါး ရန် ရှာ ထား ရင်း
အပြန်တစ်ရာမက အသူရာ ကြလည်း
ဩော် ရင်စီးကာ ခံ ကိုယ့် ရဲ့ကံ ....


မှား ရင် လည်း မှား နင် မှ နင် ပဲ
ဒီကောင်အသည်း အစဉ်စွဲတော့
နင် မှ ပဲ အနှစ် လူ တကာထက် ချစ်
ဝေဒနာတွေကို သေခြာအရင်းစစ်
့အဖြေရှာရင်း နစ်သတဲ့သာနစ်လို့
အ ချစ် နွံ ဝဲ အ ဖြစ် လွန် ကဲ
မလွတ်ကျွံ့စဲမို့ နင့် အပြစ်လို့မဆိုသာ
နင့်သဘောအတိုင်းသာ စေလိုရာ ......


အနန္တငါးပါး ကန်တော့ဖို့အသာထား
စက္ကန့်တိုင်းမှာ နင် မှ နင် ပါ 
အသူရာတွင်းနက် မဟူရာအလင်းမဲ့ပေါ့
လူတကာတွေက အပြစ်ဖွဲဆို
ငါ့ အချစ်တွေကို မသိသေးသ၍
ကမ္ဘာတည်လောက် ငါ သည်တစ်ယောက်ပါ
မလွတ်မြှောက်သေး နင့် အချစ်ဘေးက
အချစ်ကျွန်လေလား အပြစ်ဆိုကာသွား
ငါ ဝဋ်နဲ့ ငါ ကြမ္မာကို အရင်းစစ်ရင်ဖြင့်
အဖန်ဖန်သာ နစ်စေတော့ကွယ်
ဩော် အ ချစ် ဆုံး ရယ်
နင့် ရဲ့အပယ်ခံ အချစ်သူရဲကောင်း
လူမိုက်ကြီးသာ ဖြစ်ပါရစေတော့ဟာ...
  

No comments:

Post a Comment