ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Tuesday, May 7, 2013

♥♥♥ ဝါဆိုဦးမို့ ရူးမယ်မောင် ♥♥♥


 ဟိုး အနောက်တစ်ခွင်ရယ်ဆီက
မှိုင်းညို့လို့ရီမှောင် ရွာတော့မယ် ♥မောင်♥

ဝါဆိုဝါခေါင် ရေဖောင်ဖောင်မယ်
မြယောင်ချယ်သ အမှတ်တရတွေက
လှေကလေးဝယ် အတူတူစီရင်း
သီချင်းတအေးအေး ရေဖွေးဖွေးနဲ့ 
ဝါဆိုပန်းဖူး ခူးကာခြွေလို့
♥မေ့♥ဆံကေသာ ပိတုန်းရောင်နဘေး
♥မောင်♥ကိုယ်တိုင် ပန်ဆင်လို့ပေး
ဩော် ခုတော့လေ ခပ်ရေးရေး ♥♥♥

တစ်နှစ်မကူး အချစ်ထူးလို့
ရက်စက်စိမ်းကား ထားခဲ့တာလား♥မောင်♥
မခွဲဘူးတူနှစ်ကိုယ် သစ္စာတွေဆို
ဝါဆိုပန်းများ မေ့သွားတာလား
ထားခဲ့ပါနော် ♥မောင်♥မကြင်နာတော့
ရင်ခွင်ဗလာက အခွံကြီးကျန်
အဖြစ်မှန်လည်း နစ်ပြန်စဲမို့
မမုန်းတစ်သက် မမေ့ရက်ဘူး ♥မောင်♥

ကြာဖြူ ကြာနီ ကြာညိုသွယ်နဲ့
သပြေ မှကွယ် ဆိတ်သဖူးရယ်
ပုန်းညှက်ကညို ပန်းမျိုးစုံတို့
ပွင့်ဖူးဝေစီ ရှိကြလေပြီ
သင်းပျံ့ထုံမွှေး လွမ်းရနံ့ပေးလို့
ဝါဆိုပန်းဦး ♥မေ♥လေခူးရင်း
သြောင်းမေ့မှန်းစ လွမ်းမဝနဲ့
အသဲတွေလည်း ကျွမ်းရပါပြီ ♥မောင်♥
 

No comments:

Post a Comment