ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Monday, May 6, 2013

♥ အိပ်လို့ပင် မရပါလား ♥ လှိုင် ♥ ရယ် ....


အကြောင်းတွေရယ် မထူးတော့ပေမယ့်

တပေါင်းမှနေ တန်ခူးနွေသို့

တရွေ့ရွေ့ပင် ကျော်ခဲ့ပြီနော်

သြ ဥ ငှက်ငယ် လွမ်းသံနှောတဲ့

စာ သ မမှီတဲ့ လ ရာသီ မှာ

လေရူးကပွေ ပုရစ်ဖူးလည်းဝေ

ရွက်ဝါတွေက မြေမှာကြဲလွင့်

ရိုးတံတွေက လေမှာဝဲရင့်

မဖြေသာစရာ အနမ်းပွင့်တွေကို

ရင်မနာပါ မမေ့ရက်နိင်တော့

ကြင် နာ သူ နင့် ကို လွမ်းရင်း

စိတ်တွေရယ် ခြောက်ခြား

ဩော် 
အိပ်လို့ပင် မရပါလား ♥ လှိုင် ♥ ရယ် .........

No comments:

Post a Comment