မျက်ဝန်းတွေက နီ လို့ပါလား
ဘာကြောင့်ပါလိမ့် ........
သားသတ်ပွဲလား
အချစ်သတ်ပွဲလား မေတ္တာလုပွဲလား
အချစ်ကိုယ်ခုတုံးလုပ် ဘဝကိုအခါခါရင်း
ဩော် မာယာ ညွှတ်ကွင်းတဲ့ဟ
တောက် ကြည့်စမ်း မျက်ရည်တစ်စက်
သူ အ ကြိမ် ကြိမ် ထွက်လို့
ဟေ့လူ ယောက်ကျား မဟုတ်လားဗျ
သူပြောတဲ့စကား နားထဲကြားစဉ်
သနားတာရယ် သိခံတာရယ်
တန်ဖိုးထားတာရယ် အိုဗျာ
အများတစ်ကာက နွား လို့ပြောတာ
ဥပေက္ခာပြု သူအတွက် မေတ္တာတွေစု
ရင်မှာခံစား သိပ်ကိုများပြီဗျာ
ကျူပ်မျက်လုံးတွေ နီနေတာက
ရင်ထဲကဂရုဏာ မီးတောင်ကြီး
မပေါက်ကွဲအောင် ဒေါသတွေကို
ထိန်းရလွန်းလို့ဗျ စိတ်သာလွတ်လိုက်ရရင်
အသေပန်းမလှ ဟို နန်းကကျမယ်
ကျူပ်ရာဇာဝင်မှာ ပဏ္ဍာပြုလို့
စာတင်လိုက်ပြီ တစ်သက်မကျေ
ဤကမ္ဘာမြေတွင် လွတ်အောင်သာပုန်း
မပုန်းနိင်က အစားခံရမည်
နွား မ ဟုတ် တဲ့ ကျား

No comments:
Post a Comment