တရွေ့ရွေ့နဲ့ ဒီပန်းကလေးက
မြှုပ်တစ်ချီ ပေါ်တစ်လှည့်ရယ်နဲ့
ကမ်းလမ်းမမြင် အဏ္ဍဝါအတွင်း
စုန် ဆန် လို့ ဆင်း .......။
အဖော်မဲ့စွာ တစ်ကိုယ်ထဲနဲ့
မျှောရင်းဖြင့် ခရီးဆက်စဉ်
ကမ်းခြေကို ကပ်မယ်အလုပ်
လှိုင်းငယ်ရယ် ပုတ်ထုတ်တာမို့
ကမ်းခြေနှင့်လေ ဝေး၍သာသွား
ဩော် မငြိမ်းချမ်းတဲ့ ဘဝပါလား .....။
မောင့်ဘဝကလည်း ဗေဒါလိုပဲ
ရေဆန်မှာ ဆန်တက်ကာရယ်
ရေစုန်မှာ သက်ဆင်းသလိုမျိုး
မေတ္တာရယ် သစ္စာထားပါလို့
ဒူးထောက်ကာ လည်စင်းပေမယ့်
အမှိုက်ပုံလို ဖယ်ခွာထုတ်ပြီး
ချစ်မိသမျှ အိမ်မက်အလား
ဖော်ရယ်မပါ တစ်ကိုယ်တည်းနဲ့
ဗေဒါလိုကွယ် ကမ်းမကပ်တော့ဘူး ...။
မောင်ကတော့လေ လက်ကမ်းကာရယ်
ပေးပါပေမယ့် မကြင်နာသူ
မဖုရားရယ်က လိုက်လေလိုက်လေ
ရှောင်ခွာပြေးတော့ စိတ်အားငယ်ငယ်
လမ်းပျောက်ပြီကွယ် အချစ်ရယ် ......။

No comments:
Post a Comment