ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Thursday, May 16, 2013

* မ မ ရယ် *

မ မ ရေ
တဒင်္ဂမဟုတ်ဘူး တဘဝဆိုတဲ့
မမရဲ့ အကြင်နာ အကြည့်တွေက
ဒီရင်ခွင်ကို လာလာ ထိတော့
စုတ်ရင်လည်းစူး စားရင်လည်းရူး
ပမာပုံနိုင်း ထို ပဒိုင်း လို
အချစ်ဆူးနစ် အဖြစ်ထူးဖြင့်
မချစ်ဘူးတဲ့ ချစ်ရူးလေးတောင်
ဖြစ်နေပါတယ် မမရယ် .....

မ မ ရေ
ဘဝသမားမို့ စာစကားတွေနဲ့
နှလုံးသားဝယ် မုန်းတရားမကြွယ်ပဲ
အရေးအသားများနှယ် ဆေးသားခြယ်ရင်း
တစ်သက်တာရယ် ထာဝရတော့
မမ နဘေးကနေ အရိပ်ကလေးလို
ရုပ်သေးရုပ်လေး ဖြစ်ချင်တာပေါ့ .....

မ မ ရေ
ချစ်တာတွေကို စာသီရရင်ဖြင့်
တစ်ထောင့်တစ်ညထက် ပိုရှည်လိမ့်မယ်
ရင်ထဲကအတိုင်းအစ နိုင်းပြဖို့အတွက်
ဟောဒီကမ္ဘာပေါ်မှာ ဝေါဟာရတွေ
ရှာဖွေလို့တောင် မတွေ့သေးပါဘူး
ထားတဲ့ချစ်ခြင်း အပြစ်ကင်းလို့
မေတ္တာအဆင်း သတိရခြင်းနဲ့
အေးမြတဲ့ ချစ်ခြင်းတွေပါ မမရယ် ....

မ မ ရေ
ကုမုဒ္ဒြာဆိုတဲ့ ကြာပန်းတွေရယ်
ညမှာ ပွင့်တဲ့ ညမွှေးပန်းတွေတောင်မှ
လရောင်လေးဖြန်းမှ လန်းဆန်းသလို
ကျွန်တော် နှလုံးသား ဘဝဟာလည်း
မမ အချစ်တွေနဲ့ မေတ္တာဖြန်းမှ
လန်းဆန်းမှာမို့ မျှော်လင့်စောင့်စား
ချစ်ခွင့်လေးများ ပေးသနားပါလား
ကျွန်တော်ချစ်ရတဲ့ မမရယ် .....


ညီငယ် ဇေယျာအောင် အတွက် အမှတ်တရကဗျာလေးပါ


Photo: <3 * မ မ ရယ် *<3

မ မ ရေ
တဒင်္ဂမဟုတ်ဘူး တဘဝဆိုတဲ့
မမရဲ့ အကြင်နာ အကြည့်တွေက
ဒီရင်ခွင်ကို လာလာ ထိတော့
စုတ်ရင်လည်းစူး စားရင်လည်းရူး
ပမာပုံနိုင်း ထို ပဒိုင်း လို
အချစ်ဆူးနစ် အဖြစ်ထူးဖြင့်
မချစ်ဘူးတဲ့ ချစ်ရူးလေးတောင်
ဖြစ်နေပါတယ် မမရယ် .....

မ မ ရေ
ဘဝသမားမို့ စာစကားတွေနဲ့
နှလုံးသားဝယ် မုန်းတရားမကြွယ်ပဲ
အရေးအသားများနှယ် ဆေးသားခြယ်ရင်း
တစ်သက်တာရယ် ထာဝရတော့
မမ နဘေးကနေ အရိပ်ကလေးလို
ရုပ်သေးရုပ်လေး ဖြစ်ချင်တာပေါ့ .....

မ မ ရေ
ချစ်တာတွေကို စာသီရရင်ဖြင့်
တစ်ထောင့်တစ်ညထက် ပိုရှည်လိမ့်မယ်
ရင်ထဲကအတိုင်းအစ နိုင်းပြဖို့အတွက်
ဟောဒီကမ္ဘာပေါ်မှာ ဝေါဟာရတွေ
ရှာဖွေလို့တောင် မတွေ့သေးပါဘူး
ထားတဲ့ချစ်ခြင်း အပြစ်ကင်းလို့
မေတ္တာအဆင်း သတိရခြင်းနဲ့
အေးမြတဲ့ ချစ်ခြင်းတွေပါ မမရယ် ....

မ မ ရေ
ကုမုဒ္ဒြာဆိုတဲ့ ကြာပန်းတွေရယ်
ညမှာ ပွင့်တဲ့ ညမွှေးပန်းတွေတောင်မှ
လရောင်လေးဖြန်းမှ လန်းဆန်းသလို
ကျွန်တော် နှလုံးသား ဘဝဟာလည်း
မမ အချစ်တွေနဲ့ မေတ္တာဖြန်းမှ
လန်းဆန်းမှာမို့ မျှော်လင့်စောင့်စား
ချစ်ခွင့်လေးများ ပေးသနားပါလား
ကျွန်တော်ချစ်ရတဲ့ မမရယ် .....


ညီငယ် ဇေယျာအောင် အတွက် အမှတ်တရကဗျာလေးပါ 

No comments:

Post a Comment