ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Tuesday, May 28, 2013

ချစ်တယ်ကွယ်


သူကိုယ်စတွေ့ ဟိုအရင်တစ်နေ့


ပြုံးတုန့်ပြုံးလှယ် လှသွယ်ကြွယ်လို့


ဟန်မူအပေါင်း မခညောင်းပဲ

ရင်တွင်းလှိုက်စူ မေ့မရသူပေါ့ ...

စွဲမက်အပြုံး အချစ်ဆုံးကို

စကားလှလှ နူတ်ဖွဖွမှ

ဖွင့်ဟမရဲ သည်းစိုင်ထဲဝယ်

မည်သို့မည်ပုံ ထားရမည်လော....

ထိုထိုစကား မပြောကြားက

ချစ်သက်လျာက ငြူစူစိတ်ကောက်

ဒီမောင်ကြောက်မို့ အားတော်ရယ်ငယ်

ပြောတော့မယ်ကွယ် ချစ်သူရယ်

နားနဲ့မနာ နှလုံးသားနဲ့နာလို့

ချစ်မိစေသား မေတ္တာထားမယ်

အသက်နဲ့ထပ်တူ ချစ်တယ်ကွယ် ...

No comments:

Post a Comment