ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Monday, May 27, 2013

@!@ ပီတိစား အမေ သို့ @!@



ချစ်မေမေရေ
အပြစ်တွေမကျေက ခွင့်လွတ်ပေးနော်
အများမပြောပါပဲ အမေ အမြဲပြောတဲ့
အမေ့ သားချောရဲ့ မွေးနေ့ရက်မြတ်
တစ်နှစ်တစ်ခါ နီးလို့ရယ်နဲ့
ရောက်လို့ရယ် လာခဲ့ပြီပေါ့ ......

ဘဝဆိုတာ တိုက်ပွဲပါသားတဲ့
ဖြစ်ချင်တာတွေ ဖြစ်မလာသေးတော့
တစ်ခါတစ်ခါ အားတော့ငယ်တယ်လေ
ဇွဲတော့မလျော့ပါဘူး အမေ့ သားပဲ
အမေပေးတဲ့ အသက်ကိုတည်လို့
အဖေပေးတဲ့ ခွန်အားတွေနဲ့
သားတို့ အရာရာကို ရင်ဆိုင်ရဲပါတယ် ....

မျှော်လင့်စရာ အနာဂတ်အတွက်
အမေနဲ့အဖေရယ် ညီ ညီမလေးတွေကို
အငိုမျက်လုံး အပြုံးမျက်နှာနဲ့
စွန့်လို့ခွဲခွာပြီး နိင်င်္ငရပ်ခြား
တိုင်းတံပါး ရောက်နေ့ညားလည်း
တစ်နေ့တစ်ရက် သားမမေ့ရက်ပါဘူး ......

သားမွေးနေ့ဆို ချစ်အမေကတော့
ပန်းမံသစ်သီး ဘောဇဉ်မီးနှင့်
ဆွမ်းပွဲအမယ်မယ် အချိုပွဲအသွယ်သွယ်ကို
ရှင်တော်ဘုရားနှင့် ရွာဦးဆရာတော်ထံမှာ
ကပ်လှူပေးရင်း သားမောင်နေကောင်း
ဆုတွေတောင်းလို့ ပီတိတွေနဲ့
ငိုနေမလားရယ် တွေးမိလေတိုင်း
သားလည်း မျက်ရည်ဝိုင်းတယ် မေမေရယ် ...

ရာဇဝင်မှာ ရတုစာဆို ဘုရင်တွေလို
သား ပမာတင်ကာ မပြောနိင်ပေမယ့်
မြင့်မိုရ်တောင် ဆိုတာကြီးက
အမေနိုင်းရင် သေးသေးလေးပါ
ပင်လယ် သမုဒ္ဒရာ မြစ် ချောင်း စိမ့်စမ်း
ရေတွေ ရေတွေ အေးချမ်းသတဲ့လား
အမေ့ မေတ္တာ စိမ်းစမ်းရေလောက်တော့
ဘယ်မှာလာ အေးချမ်းပါမလည်းနော်
သားလေ အမေ ခြေအဆုံမှာ
မျက်နှာလည်းအပ် ခေါင်းလည်းအပ်လို့
ရင်မှာလေ ဂါရဝတရားတွေနဲ့
သား ပြန်လာပြီးသာ အားရအောင်
ကန်တော့ချင်စမ်းတယ် မေမေရယ် ........

No comments:

Post a Comment