
ပန်းအစစ်သာ ပန်းချင်သူရေ
စာမမှီအောင် လှသူပေမို့
နင့် အလှဟာ မဟာဆန်လေတော့
ချစ် မိ သူ ငါ့ ရင် ထဲ မှာ
အသည်းပန်းတွေ သီကာကုံးရင်း
နင့် အတွက်ကို ရည်စူးလို့ရယ်
ခူး ခဲ့ မယ် ငါ့ ရင် ထဲ က လေ
သစ္စာလွှမ်းခြုံ မေတ္တာပန်းအစုံက
တစ်နှစ်တစ်ခါ ပွင့် ဖူးဝေသော
အလှမှာအဝါ စု ပိတောက်ဖူးတစ်ခု
နှစ် နှစ်မကူး တစ်နှစ်ဦးတွင်
သီးပြီးသေသော သစ္စာကြီးမား
ပေပင်မခြား သစ္စာထားလို့
တစ်ရိုးတစ်ညှာ တစ်ညှာတစ်ငုံ
တစ်ငုံတစ်ပွင့် ထုံးအဆင့်နဲ့
ပွင့်လေသောပန်း ရွှေကြာပန်းနှယ်
ငါ ကိုယ်တိုင် ရင် မှာ ပျိုး ပြီး
သစ္စာ မေတ္တာ အချစ် ထိုပန်းတွေနဲ့
ချစ်မိစေသား အကြင်နာထားမယ်
ချစ် သည်း တစ် သက်
ပန် စေ ကွယ် .........
No comments:
Post a Comment