ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Thursday, May 23, 2013

အရမ်းချစ်တယ် ကိုကိုရယ်

တည်ကြည်ခန့်ညား နတ်တစ်ပါးလား
အသားတော်ဖြူ မျက်နှာကပြုံး
ရွှေလည်တိုင်ကျော့ မော့၍ပင်ကြည့်
အရပ်ကောင်းကောင်း ကို့ကို့ အကြောင်းကို
တွေး၍ပင်လျှင် အိပ်မရခဲ့ .....

အသက်ချင်းမတူ အရွယ်ကွာခြား
မချစ်ဘူးတဲ့ ကျမ နှလုံးသားမှာ
ရင်ခုန်လှိုက်လှိုက် တုန်ရီဟိုက်လို့
အမြတ်တနိုးရယ် တိတ်တခိုးနဲ့
ချစ်နေမိပြီ ကိုကို ရယ် ......

နုနယ်သေးတဲ့ အသည်းရိုင်းက
ခုတော့အခက်ပို အချစ်တွေကို
အပြစ်ရှိက ခွင့်လွတ်လို့ချစ်
ရစ်သိုင်းလို့ရယ် ချုပ်နှောင်ပြီးမှ
အပြစ်ရိုင်းလို့ ထုတ်ဖော်ပြောပြီး
ခွဲခွာအဝေး ရှောင်များပြေးရင်
ရင်မှာလေ အကြင်နာအပြည့်နဲ့သူမို့
ရူးရပါမယ် ကို ကို ရယ် ............



 
 

No comments:

Post a Comment