ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Monday, May 6, 2013

@@@ ဆပ်လို့အကုန်ဘူး ချစ်မေမေ @@@

မေမေ ရဲ့
အေးမြတဲ့ရင်ခွင်ကို ခြေစုံကန်လို့
နွေးထွေးတဲ့လောင်းရိပ်ကို ကျောခိုင်းရင်း
နိုင်ငံရပ်ခြား တိုင်းတစ်ပါးမှာ
ရည်ရွယ်ပန်းတိုင် မရောက်သေးညား
သခင်မဖြစ်သမျှ ကျွန် ဆိုတဲ့ဘဝ
ဝဲဂရက်ထဲမှာတော့ သားတို့ နစ်စဲပါလေ ........

မေမေ ရေ
လောကဆိုတဲ့ ဇတ်ခုံကြီးမှာ
နိမ့်တစ်ချီ မြင့်တစ်လှည့်နဲ့
ဆူးခင်းလမ်းတွေ ဘယ်လောက်ကြမ်းကြမ်း
အမေ့ အပြုံးတစ်ပွင့် နဲ့တင်
အရာအားလုံးကို ရင်ဆိုင်ဖို့ သားမှာ အားတွေ ရှိတယ်
နဖူးကချွေး ခြေ မ ကျ မှ ရတဲ့
မဖြစ်စလောက် လုပ်အားခ လေးတွေက
အမေ ကျေးဇူးဆပ်ခွင့်ရလို့
ဝမ်းသာ ဝမ်းနည်း မျက်ရည်များနဲ့
သား တို့ ပျော် ပါ တယ် မေမေ ......

မေမေ ရေ
ပြိုင်လာရင်အရူံးပေး နှလုံးအေးအောင်လို့
ပြော ဆို ဆုံး မ သွန် သင် တယ်
သားတို့ရှေ့ရေး ရေရှည်တွေးလို့
ပ ညာ တွေ လည်း သင် ပေး တယ်
သမုဒ္ဒရာ ဝမ်း တစ် ထွာ အတွက်
ရှာ ဖွေ လို့ လည်း ကျွေး ခဲ့ တယ်
အမေ့ ကျေးဇူး မြင့်မိုရ်ဦးမို့
အတွေးများနဲ့ အရေးအသားက
ဆေးပန်းချီလို့ သား ရေးမမှီဘူး ..........

မေမေ ရေ
လူမမယ်အရွယ် ဟိုငယ်စဉ်မှ
နမ်းခဲ့ဖူးတဲ့ ပါးတစ်ခြမ်းကလေ
ယခုချိန်ထိ နွေးထွေးနေစဲ
ဆပ်လို့မကုန်ပါဘူး မေမေရာ
တစ်ခါတစ်ခေါက် အရောက်ပြန်လို
မေ့မေ့ ရင်ခွင်မှာ ခေါင်း ကို အပ်
မေ့မေ့ ခြေဆုံမှာ နဖူး ကို အပ်ရင်း
သား အားရအောင် ကန်တော့ချင်လို့
ပြန်လာခဲ့မယ် ပြန်ခဲ့ပါမယ့်
ကြိုကိုင်ပုခက်လွှဲ ကျေးဇူး ရှင်ကြီးရယ် ........
♥♥♥ ချစ်ရသူလှိုင်မင်း ♥♥♥



♥♥♥ မေမေ ♥♥♥

နံနက်ခင်းနိုးထခါစ မေမေ့လက်ရာထမင်းကြော်နဲ့
ပဲပြုတ်ဆီဆမ်းကို ကျွန်တော်တအားလွမ်းတယ်မေမေ
ကျွန်တော့်ကို ဆူပါဦးမေမေ
ကျွန်တော့်ကို ရိုက်ပါဦးမေမေ
တခမ်းတနား အဆောင်အယောင်တွေကို
ကျွန်တော်မုန်းတီးနေခဲ့တာကြာပါပြီ
ဘ၀က လှိုင်းထန်လည်းပဲ
မေမေ့ ၀ဲဂရက်ထဲပဲ ကျွန်တော်လွန့်လူးပျော်မွှေ့ချင်တယ်
မေမေ့ လှေငယ်လေးပဲ ကျွန်တော် လှော်ခတ်ချင်တယ်
အို... မေမေရယ်
မဝေးတော့တဲ့ တစ်ရက်မှာပေါ့
ကျွန်တော် အရောက်ပြန်ခဲ့မှာပါ
ခွင့်လွှတ်ခြင်းတရားတွေ နဲ့ မေမေ့ ရင်ခွင်နွေးနွေးကြား
ကျွန်တော် အိပ်စက်ခိုလှုံပါရစေဦးနော်.........
~~~ မိုးစက် ချစ်သူ ~~~


^^^ သတိရတယ်လွမ်းတယ်မေမေ ^^^

အိမ်ပက်ဝန်းကျင်ရဲ့အငွေ့သက်မရှိတဲ
နေရာဒေသတစ်ခုမှာ အနေထိုင်မတက်သေးဘူးမေမေ

တစိမ်းတွေရဲ မျက်စိ့အောက့်မှာ
သားမနေတက်သေးဘူးမေမေ

တစ်ချိန်က မေ့မေ့စကား အခုမှ့ နားကိုစိမ့်ဝင်သွားတာပါမေမေ

ဒီနိုင်ငံကြီးရဲတိုးတက်မူတွေဘယ်လိုဖြစ်ဖြစ် အမေချစ်တဲသား
အမေ့အနားမှာပဲ ပိုပျော်တယ်မေမေ
မေမေကို ပြုစုရတာကိုပဲ နှစ်သက်မိတယ်မေမေ

အရင်ကဆို မေမေစကားတွေကို နားဝင်မချို စိတ်တော်ညိုလို
အပြစ်တောင်ဖွဲခဲ့မိတယ်မေမေ

ခုတော မေမေ
မေမေ ချစ်တဲသား မေမေ့စကားတွေ
နားဝင်ချိုလို မေမေ့အိမ်ကို အလွမ်းတွေ ပိုနေရပါတယ်မေမေ ရယ်
မေမေ ကျန်မာချမ်းသာ တရားရှာနိုင်ပါစေ
&&& ရင်ထဲကစကား ကဗျာ &&&

 

No comments:

Post a Comment