ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Friday, May 17, 2013

ကဗျာလေးများ အဖြစ်


တိမ်အပြာတွေ မဲလို့ရီမှောင်
ရွာမယောင်ရယ် မိုးခြိမ့်သံပေး

ဝလာတံတိုင်း အုံးကာမှိုင်းပြီ ....

ရင်ထဲမှလည်း ဝေဒနာတွေက
"နွေ"တစ်ရာနှယ် "ပူ"လောင်ပေမယ့်
နေ ဝ တီ လို သွေ ဖီ သူ ရေ
"ငါ့"မေ တ္တာ အ န န္တ တွေ က
"ရေ"အသျှင်လို စီးနေစဲမို့
မပြေသမျှတွေကို ဖြေပါရစေကွယ် .......

"ငါ့"မျက်နှာ၏ ပါးပြင်နုတွင်
အဖော်မဲ့လို့ အပျော်မဲ့ပျောက် 
အသဲခြောက်ခမ်း ဘဝင်လည်းနွမ်း
မရွှင်လန်းတော့ မျက်ရည်ပန်းတွေ
ကြွေဆင်းတစ်စက် ဝေဆင်းရက်တော့
ဩော် နှလုံးသာရှိ အခွံကြီးကျန် 
'နင်"မ သိ တဲ့ ဘ ဝ ကံ.......

ရင်ထဲမှာပင် ခြေရာထင်စဲ
"နင့်"အပေါ်ချစ်စိတ် သင်္ချေရိပ်တို့
"ငါ"ထားခဲ့မည် ကျန်ရစ်ခဲ့စေ
သောကခြေရာ ဝေဒနာတွယ်ရစ်
ကဗျာ လေးများ အဖြစ်ပေါ့
"ငါ"ကိုယ်မချစ်တဲ့ "ငါ"ချစ်သူရယ် ..........
 

No comments:

Post a Comment