အချစ်ဆူးများ မောင့် နှလုံးသား၌
စူးလို့နစ်ဝင် ရင်တွေခုန်လည်း
ဩော် သူ မှမသိပဲ .......
အတွေးများနဲ့ ညတာရယ်ရှည်
တီးတိုးဖော်မဲ့ အပျော်မဲ့ပျောက်
ဩော် မျက်ရည်ရယ် တစ်ပေါက် ....
အတိတ်တွေက အရိပ်လိုပဲ
vzo က သူကြည့်နေမလား
စိတ်အတွေးနဲ့ ထင်၍ထကြည့်
ဩော် သူ ကမရှိ ......
အချစ်တစ္ဆေ ပူးကပ်နေပြီ
ချစ် လို့တမ်းတ တဖွဖွနဲ့
လှမ်းလို့သာခေါ် ခေါ်သူသာပန်း
ရွှေရင်ကျွမ်းလည်း ဒီမောင့် အပူ
ဩော် မသိသူပေါ့ ......
ခုများဆို မမျှော်ရဲပါဘူး
သစ်စိမ်းပင်ချိုး နေလေတော့
ကံနည်းသူ မောင် သာပဲလို့
တော်သလိုသာ လှမ်း သင့် သလိုသာ မြန်း
ဒီရင်မှာဝေဒနာတွေ သေရာပါပြီမို့
ဩော် ပြစ်မမုန်းတဲ့ အချစ်ဆုံးရေ
မောင် က တော့
နှလုံးကြွေလို့ နွမ်း သေထိအောင်ပဲ လွမ်း ........

No comments:
Post a Comment