ထွက်ခွာသွားသူက မေ့နိင်ပေမယ့်
ကျန်ခဲ့သူက အနေတွေခက်
နုံးချိချိနဲ့ ဒီကောင့် အသည်း
လူ တော တောင် မတိုးရဲ့
တွယ်တာမက်မက် အဖယ်ခက်တော့
သခင့် အလိုကျ လည်စင်းကာပေး
ဩော် မကျေနပ် သေးဘူးနော်
ကံဇတ်ဆရာ အလိုကျငိုလို့ပင်ပြ
ဘယ်မှာလည်း ယောက်ကျားဆိုတဲ့
မာနတရား ဘေးမှာထားလို့
ပေးဆပ်ခါထား ငါ့ နှလုံးသားကိုမှ
မညှာတာ အမုန်းဆိပ်သုံးလို့
ငါ့ မျက်ရည်စနဲ့မှ ခြေဆေး
ဩော် ကျေနပ်ပါတော့ အချစ်ဆုံးရေ .....

No comments:
Post a Comment