ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Tuesday, May 28, 2013

တစ်ခေါက်လောက်တော့ လာစမ်းကွယ်


တောင်ခိုးရယ်ဖြူ ရှစ်ခွင်ကမှိုင်း
တောမယ်တောင်စွယ် အသွယ်သွယ်နဲ့
ရေတံခွန်ရယ် စိမ်းစမ်းတွေက
အေးမြဖွယ် ရေအသျှင်နွယ်လို့
စီးကာလေသွား သံလွင်မြစ်အတွင်းများ .....

ရိုးရာအမွေ မပျက်စေဖို့
ဖားစည်သံရယ် တစ်ညံညံ
ကျွဲချိုသံက မိုးထက်သို့ပျံ
လှပျိုဖြူ ပျိုမေချောတွေက
ဒုံအကကို မရိုးအောင်ရယ်
ပုဝါအကနှယ် ဝါးညှက်အကနဲ့
ဖားစည်သံတွေ သံချိုနှောကာ
သံစဉ်တွေရယ် နားဝင်ညောင်းလို့
ကြည့်လိုဖွယ် ကောင်းပါသေး
ထိုင် ထိုင် လို့ တောင် ငေး ....

ဒေါနတောင်းတန်း ရစ်ခြုံလွှမ်းရင်း
မြိုင်ညိုညို တောနဲ့ယာခင်းတွေက
သာယာဖွယ် အထူးတင့်ဆန်းလို့
ဘုရားပုထိုးရယ် စေတီတွေက
စုံလင်အောင် ပေါတာမို့ကွယ်
သံလွင်ရယ် ရှေ့ဘက်ကမ်းဆီသို့
လှမ်းမျှော်ကာ ကြည့်လိုက်တော့
ဇွဲကပင်တောင် အလှတွေနဲ့
မနောဖြူအောင် ဘားအံမြေက
သံလွင်ရယ် ဒီတံတားနဲ့
ရောက်အောင်သာ လှမ်းလာခဲ့ရင်
ကြို ဆို မယ် အ ပြုံး တွေ နဲ့
တို့ကရင်မြေမှ ဖိတ်ခေါ်မယ်လေး
တစ် ခေါက် လောက် တော့
လာ ခဲ့ ပါ လေး ဝေ ဝေ ......
 
Photo: တစ်ခေါက်လောက်တော့ လာစမ်းကွယ်
                                         **********************

တောင်ခိုးရယ်ဖြူ ရှစ်ခွင်ကမှိုင်း
တောမယ်တောင်စွယ် အသွယ်သွယ်နဲ့
ရေတံခွန်ရယ် စိမ်းစမ်းတွေက
အေးမြဖွယ် ရေအသျှင်နွယ်လို့
စီးကာလေသွား သံလွင်မြစ်အတွင်းများ .....

ရိုးရာအမွေ မပျက်စေဖို့
ဖားစည်သံရယ် တစ်ညံညံ
ကျွဲချိုသံက မိုးထက်သို့ပျံ
လှပျိုဖြူ ပျိုမေချောတွေက
ဒုံအကကို မရိုးအောင်ရယ်
ပုဝါအကနှယ် ဝါးညှက်အကနဲ့
ဖားစည်သံတွေ သံချိုနှောကာ
သံစဉ်တွေရယ် နားဝင်ညောင်းလို့
ကြည့်လိုဖွယ် ကောင်းပါသေး
ထိုင် ထိုင် လို့ တောင် ငေး ....

ဒေါနတောင်းတန်း ရစ်ခြုံလွှမ်းရင်း
မြိုင်ညိုညို တောနဲ့ယာခင်းတွေက
သာယာဖွယ် အထူးတင့်ဆန်းလို့
ဘုရားပုထိုးရယ် စေတီတွေက
စုံလင်အောင် ပေါတာမို့ကွယ်
သံလွင်ရယ် ရှေ့ဘက်ကမ်းဆီသို့
လှမ်းမျှော်ကာ ကြည့်လိုက်တော့
ဇွဲကပင်တောင် အလှတွေနဲ့
မနောဖြူအောင် ဘားအံမြေက
သံလွင်ရယ် ဒီတံတားနဲ့
ရောက်အောင်သာ လှမ်းလာခဲ့ရင်
ကြို ဆို မယ် အ ပြုံး တွေ နဲ့
တို့ကရင်မြေမှ ဖိတ်ခေါ်မယ်လေး
တစ် ခေါက် လောက် တော့
လာ ခဲ့ ပါ လေး ဝေ ဝေ  ...... 

No comments:

Post a Comment