ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Monday, May 6, 2013

***~~ မူ ပိုင် ရှင် မ လေး ရယ် ~~***



ချစ် သူ ရေ
တို့နှစ်ယောက်က မဆုံနိင်တဲ့
နေ နဲ့ လ လို ဝေးကြရတော့မှာလားဟာ ....

ချစ် သူ ရေ
ငါ ဆိုတဲ့ နင့် ချစ်သူက ဖုန်းဆက်တာ
နင့် ရဲ့ နားဝင်ချိုလွန်းတဲ့ အသံလေးကို
အ ရမ်း ကြား ချင် မိ လို့ ပါ ဟာ
ဘာလည်းဆိုပြီး မအော်လိုက်ပါနဲ့လား
နင့် လည်ချောင်းလေး နာ သွားမှာဆိုလို့ပါနော် ....

ချစ် သူ ရေ
နင် များ ခေါ် လေ မလားရယ်လို့
ငါ့ ဟမ်းစက် အစုတ်ကလေး လိုင်းဖွင့်ရင်း
viber call နဲ့ massage လေးကို
ရင်ခုန်စွာရယ် မျှော်နေတာပေါ့
ဒါပေမယ်ဟာ မျှော် သာ မျှော်
နင် တစ်ခါမှ မခေါ်ခဲ့ဘူးနော်
မအားလို့ပါလား ဆိုပြီ ဖြေသိမ့်
ငါ ခပ်တိတ်တိတ်လေး ငို နေ မိတယ်လေ ....

ချစ် သူ ရေ
စာ လည်း မလာ သတင်း လည်း မကြား
နင် နေ လို့မှ ကောင်းရဲ့လားဟာ
ငါ မှတ် မိ သေးတယ် နင် နမ်းခဲ့ဖူးတဲ့
ငါ ပါးတစ်ခြမ်းကို နင် မလွမ်းဘူးလားဟာ
နင် မညာပါနဲ့ နော် သတိလေးတော့ရနေမှာပါ
ဘာပဲဖြစ်ဖြစ်ပေါ့လေ ငါ ဆိုတဲ့ ငါ ကတော့
ငါ အ မြတ် တစ်နိုး တန်ဖိုးထားလို့
နမ်းခဲ့ ဖူးတဲ့ နင့် ပါးတစ်ခြမ်းကိုတော့
သေ တ ဖန် သက်တစ်ဆုံး လွမ်းနေမှာကို

 ယုံကြည်ပေးပါ မူပိုင်ရှင်မလေး ရယ် ........

No comments:

Post a Comment