ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Monday, May 6, 2013

♥♥♥ နှောင်း ကမ္ဘာ ထိ ချစ် နေ မယ် ♥♥♥


ချစ်ရသူ့ဆီ ကဗျာသီလို့

မောင့် ချစ်ခြင်းတွေ ပြောပြချင်တယ်
အချစ်ဆုံးရယ် နားစဉ်ကွယ် ***


လ မင်း ကြီး လို
မေတ္တာအဆင်း အေးမြခြင်းနှင့်
အလင်းများစွာ ပေးချင်တယ် .....
လေ ပြေ ညှင်း လို
အသက်ရူတိုင်း နှလုံးခုန်တိုင်းမို့
လေပြေများစွာ ပေးချင်တယ် ....
နေ မင်း ကြီး လို
မပါမပြီး သူ ဖြည့်စည်းလို့
စွမ်းအင်များလည်း ပေးချင်တယ် .....
ရေ အ လျှင် လို
တစ်သွင်သွင်ရယ် စီးဆင်းနေတဲ့
အကြင်နာများလည်း ပေးချင်တယ်
ချစ်တာတွေကို ပြောကာပြရင်
ပြောမဆုံးပေါင် တော သုံး တောင်
ချစ်သူ အပေါ် ထားတဲ့ချစ်ခြင်းက
ခန်းခြောက်တက်တဲ့ ရေအိုင်မျိုးမဟုတ်
မှန်းစလို့မရတဲ့ ပင်လယ်ပြင်ပါ
ကျောင်ဆောင်ကျောက်သား ခိုင်မာညားသလို
အချစ် မေတ္တာ သစ္စာများက ခိုင်မာသွားလို့
နှလုံးသားမှာ စာကဗ္ဗည်းထိုးရင်း
တစ် ပင် မှာ မှ တစ် သား သာ သီး တဲ့
သ စ္စာ ကြီး မား ပေ ပင် နှင့် မ ခြား
တစ် ရိုး မှာ မှ တစ် ငုံ သာ ဖူး 
တစ် ဖူး မှာ မှ တစ် ပွင့် သာ ပွင့် လန်း
ရွှေကြာပန်းအလား မောင့် နှ လုံး သား မှ
မလျော့သောအချစ် မပျယ်သောမေတ္တာများနဲ့

♥ နှောင်း က မ္ဘာ ထိ ချစ် နေ မယ် ♥
 —
  

No comments:

Post a Comment