
အချစ်ဆိုသော ထိုဝေဒနာကို
ရင်၌ခံစား ရူးများရူးမိ
ငိုမဲ့ခက်ခဲ ညများစွာထဲ
သက်ပြင်းချစွာ အိပ်မပျော်ပါ .....
အချစ်ဆိုသော တိုအရာက
ရင်ထဲသို့ပင် နွယ်တစ်ပင်လို
တွယ်ငင်တိုးရစ် တစ်စစ်စစ်နဲ့
တွယ်တာမက်မက် အဖယ်ခက်တဲ့
ရောဂါမျိုးလည်း မဟုတ်ပါပဲ
မွေးကတည်းက ပါလေလေသည့်
အချစ်ဆိုသော ဤအရာ ....
အချစ်ဆိုသော ထိုအရာကို
ရောင်းကုန်သဖွယ် လုယူဝယ်၍
ပျော်သလောက်တွဲ အသဲကွဲလည်း
သူမှသူပဲ သူထက်ကဲလို့
သူမှပဲအနှစ် သူမှပဲအချစ်
ဩော် အချစ် အချစ် အချစ်
ဖန်လာလေမြဲ သံသရာဝဲမို့
သေခြာစွာ အရင်းစစ်တော့
အဖြေရှာမရ မမျှတနဲ့
ကုရာနတ္ထိ ဆေးမရှိလို့
အသက်သေမှ ပျောက်လိမ့်မယ် .....
No comments:
Post a Comment