ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Monday, May 6, 2013

&&& ဥာဏ်တော်ခွန်အား ပေးသနားလိုက်ပါ ***



အို အရှင်ဘုရား 
သနားစရာ ထိုသူများအတွက်
ဥာဏ်တော်ခွန်အား ပေးသနားပါလော့ ။။

အဖြူနဲ့အမဲ အလင်းနဲ့အမှောင်
သစ္စာမရှိသူနဲ့ မေတ္တာရှိသူ
တန်ဖိုးထားသူနဲ့ တန်ဖိုးမထားသူတွေက
ချစ်တာကို အပြစ်ဆိုလို့
ရေနစ်သူဝါးကူ ထိုးကာ
"ချစ်"ကြတာလား "နှစ်"ကြတာလားဗျာ
ဝေဖန်ကာကြံစလို့ သေခြာစွာစဉ်းစားကြ
ပန်းကောင်းတစ်ပွင့် လမ်းမှားခါမသွားရအောင်
ကမ်းလင့်လို့ကြို တွဲလို့ရယ်ခေါ်သူကိုမှ
ခင်ဗျားတို့က ပြောရက်တဲ့စကားက
ယောက်ကျားကောင်း မဟုတ်ဘူးတဲ့လား
ဩော် သနားစရာ သတ္တဝါတွေပါလားနော်

"ဆန်" မ ရှိ ပဲ "စောက်" စား ကြီး
"ဝ" မ ရှိ ပဲ" ဝိ" လုပ် လို့
ပကာသနကို ရှေ့တန်းတင်တဲ့ထဲ
"ကျုပ်" က တော့ မပါလေဘူးကွယ်
"ကျုပ်"စိတ်ဓါတ်နဲ့ "ကျုပ်"စေတနာကို
"အလင်း"ရှိသူတွေက "မြင်"ကြတယ်
"အမှောင်"ရှိသူ ခင်ဗျားတို့လို
"ကျွဲပါး စောင်းတီး" တွေကတော့
"နွား" ပလာတာကျွေးရသလိုပါလား
"ဟို"ဟာကြီးပြမှ "ဟို"ဟာကြီးမှန်းသိမှာမို့
တွေးပြီးတော့ရယ် သနားမိရင်း
ဘုရားရှင်ထံမှ ဆုပန်ပေးမယ်
ဥာဏ်တော်ခွန်အား ပေးသနားလိုက်ပါလို့လေ ....

No comments:

Post a Comment