ဘ ဝ အ မော မ ပြေ သူ မို့
ရင်ထဲကရယ် ဒဏ်ရာတွေကို
ဝေဒနာတွေနဲ့ ကဗျာစီအုံးမယ်
ချစ် ရ သူ ရယ် ဒီ လို ပါ ကွယ် ¤¤¤
စာပေမှာမွေ့ စာအတွေ့နဲ့
ငါ တို့တစ်တွေ စတွေပုံက
နင် ကတော့ ပန်းလှလှ
ငါ ကတော့ ပန်း ပျိုးသူ
ပန်းပျိုးသူနဲ့ ပန်းချိုးသူမှာ
ဥယျာဉ်မှုးလို ငါ ကတော့
အ နေ တွေ ထူး ခဲ့ ပါ တယ်
ဗေဒါ နဲ့ ကြာ ပနာတင့်သလို့
နင့် နဲ့ ငါ လည်း နေ နဲ့ လ လိုပါ
နင် ထားရာနေ နင် စေရာသွား
ကစားစရာ အရုပ်လိုနေသူကိုမှ
မကြင်နာ အမုန်းမြှားတွေသုံးလို့
ရင်ခွင်ဗလာနဲ့ ထားခဲ့ကျန်ရစ်
ငါ ဖြစ်တော့မည်ပေါ့ ချစ်သူရယ် ¤¤¤
လမ်းခွဲကြတာ ဓမ္မတာလို့ပဲဆိုဆို
ဝမ်းနည်းစရာတွေ မဟုတ်ကြပေမယ့်
နင် သာလျှင် ငါ ဘဝရဲ့ အဖော်
နင် သာလျှင် ငါ ဘဝရဲ့ ကောင်းကင်ပါလို့
ဟစ် ကြွေးကာ တိုင်တည်ထားမိသူလေ
ကောင်းကင်က ရေကြည်တစ်ပေါက်
နေ အလင်းကြောင့် နွမ်းပျောက်သလို
ဖုံ ထူ ထူ တပေါင်း နွေ တွေက
ချောင်းရည်ကို သောက်သုံးလိုက်ရင်
ရေတွေသာ ခန်းခြောက်သွားပေမယ့်
ငါ ရင် ထဲ က ဝေဒနာတွေက
သေ မှ ကွယ် ပျောက် မှာ မို့
နွေး ထွေး တဲ့ လက် တစ် စုံ နဲ့
အေး မြ တဲ့ ရေကြည်တစ်ပေါက်တော့
နင် ငါ့ ကိုယ်လေ တိုက်ပါအုံးလား
တစ်သက်မမုန်းမဲ့ ငါ့ အချစ်ဆုံးရယ် .........
