ဖြုလဲ့ ဖြူမွှေး ပွင့်လွှာ ဖွေးဥ
ပြိုင်ဘက်တုကင်း လှအဆင်းမှာ
ပန်းရွှေကြာနှယ် နုပွင့်သွယ်ရစ်
လွန်ပျိုမျစ်သော မောင့်အချစ် ♥
ဝါလဲ့ဝါသွေး စံကားမွှေးနှယ်
ထွန်းလင်းကြွယ်နု ရွှေစင်ဥသို့ 
မြမြိတ်စို့ နှင့် ပျိုမျစ်တင့်တယ်
အလှကြွယ်သော မောင့် အချစ် ♥
တစ်သက်မှာ တစ်ခါတည်းနဲ့
တစ်ယောက်တည်းသာ ချစ်မိပါသည်
မောင့် ရဲ့ အချစ် သစ္စာဖြစ်သော်
ဆင်းလှတော်ဝင် မောင့် သခင်မှ
တုံပြန်လှစ်ကာ ချစ်မိပါစေ
ချစ်မိစေသား မေတ္တာထားလို့
ချစ်ခွင့်လေးများ ပေးသနားပါလား
မောင့် အကြင်နာ မဖုရားရယ် ♥♥♥

အသက်တစ်မျှ ချစ်ရသောချစ်သူ သိပါစေ
No comments:
Post a Comment