ချစ်သူရေ ♥
မောင်တို့နှစ်ယောက် နေနဲ့လလိုများ
မဆုံနိုင်ကြတော့ဘူးလား
နေရောင်ရှိမှ လမင်းလင်းသလို
ချစ် ရှိနေမှ မောင့် ဘဝလည်း
ပြည့်စုံမှာပါ ချစ်သူရယ်
ကောင်းကင်ပေါ်မှာ ရှိနေတာခြင်း
ရင်ထဲကိုယ်စီ ရှိနေတာခြင်း
ထပ်တူဖြစ်နေတာကိုမှ
မကြင်ဘက်အတွက် ရယ်
ချစ် ရက်စက်တာလည်းကွယ် ......
ချစ်သူရေ ♥
လမ်းခွဲအခါ ဝမ်းနည်းစွာနဲ့
မလွမ်းဘယ်မှာ မောင် ရှိမလည်း
ထားခဲ့မယ်ဆိုတော့ သွားမယ့်ဟာကို
တာစီးပိုင်ခွင့် မရှိသူ မောင် ကတော့
မပျော်တစ်သက်ဆွေး ချစ်လျှက်နဲ့ဝေးပေါ့ !!!!!!
ချစ်သူရေ ♥
မုန်းယောင်သေခွာ ပုန်းရှောင်နေကာ
အလွမ်းတစ်သက် မျက်ရည်စက်နဲ့
လိုက်သော်လည်းဝေး ချစ်ပဲပြေးမို့
အကြောင်းမစပ် မပေါင်းအပ်ရင်
ကောင်းမြတ်သလိုသာ စီစဉ်တော့ကွယ်
အချစ်ရယ်လို့ ဆုတောင်းကာပဲ
နေရမှာပေါ့ စိတ်အားငယ် ♥
ချစ်သူရေ ♥
မေတ္တာတရားရော သစ္စာတရားပါ
မောင့် ရင်မှာထား ရှိနေသားမို့
ချစ် မမြင် ချစ် မသိပေမယ့်
ချစ် သိစေ သက်သေညွှန်းလို့
မြတ်ဘုရားမှာ သစ္စာပြုမယ်
မောင့် ရဲ့မေတ္တာ မှန်ကန်ပါက
ဘဝမခြား ချစ်အနားမှာ
မခွဲထာဝရ နေပါရစေ ♥♥♥

No comments:
Post a Comment