တိမ်အပြာရောင် မိုးသားအောက်မှာ
မုန်းမာန်ရက်စက် ငြိုးမာန်ဖွဲ့လို့
အလွမ်းများစွာ မိုးများစွာက
ရွာသွန်းမစဲ မောင့် ရင်ထဲဝယ်
သည်း သည်း နိုင်လွန်းတယ် .....
မချစ်ဖူးတဲ့ ချစ်ရူးသူမို့
အချစ်ရူးတယ် ပြောချင်လည်းပြော
ကိုယ်ချစ်ရှာလည်း ဝေးခဲ့ရသူ
သူချစ်ရှာလည်း ဝေးနေသူကိုမှ
ပုန်းရှောင်ပြေးတဲ့ မိအညာရယ်
ဘဝသမားမို့ ခဏအနားမှာ
မနေနိင်တော့ ထားခဲ့ပြီပေါ့နော် .....
ရှိပါစေတော့ အချစ်ဦးရေ
ရင်ခုန်ခဲ့ဖူးတဲ့ မိုးရာသီမှာ
အဖော်မဲ့သူ မောင် ကတော့လေ
မိုးစက်တွေကို ကြည့်ရင်းကြည့်ရင်း
မျက်ရည်တစ်စက် မိုးတစ်စက်နဲ့
ကြွေ ကြွေ လို့ ကြနေတာတွေကို
မေ မေ က မှ မသိတော့လည်း
ဝေး ဝေး ၍ သာ သွား
ပျော် ပျော် ပါ ရဲ့ လား

No comments:
Post a Comment