လမ်းခွဲအခါခါ ဝမ်းနည်းစွာနဲ့
မလွမ်းဘယ်မှာ ရှိပါမလည်း မေရေ
လေလှိုင်းမှာဆုံ ရင်တွေခုန်လို့
နှလုံးသားဝယ် မုန်းတရားမနွယ်ပဲ
တွဲလက်တွေရယ် ခိုင်ခိုင်မြဲလို့
နားလည်မှုနဲ့ သစ္စာတွေထား
ချစ်ခဲ့ကြတာ မဟုတ်လားကွယ် ။။
ခါချည်ကောင်ရယ် ဝင်နှောက်တာကြောင့်
သုဘဒ္ဒလို့ မုန်းမာန်ပျိုးကာ
မင်းဆဒ္ဒန်နှယ် အဖြစ်ဆိုးက
မောင့်ဘဝမှာလည်း ကြုံခဲ့ပြီပေါ့
စိန် ရွှေ ရတီတွေကို ထပ်တလဲလဲနဲ့
ပန်ဆင်သလိုများ အချစ်ကိုလည်း
အတွဲအတွဲတွေနဲ့ အသဲခွဲခဲ့တာပ
အသဲကွဲတာ မဆန်းဘူးဆိုပေမယ့်
အမြဲ အမြဲသာ မေ့မရသူကတော့
ကျွမ်းမျက်အသဲ လွမ်းလျှက်ပါပဲ ......
မလွမ်းဘယ်မှာ ရှိပါမလည်း မေရေ
လေလှိုင်းမှာဆုံ ရင်တွေခုန်လို့
နှလုံးသားဝယ် မုန်းတရားမနွယ်ပဲ
တွဲလက်တွေရယ် ခိုင်ခိုင်မြဲလို့
နားလည်မှုနဲ့ သစ္စာတွေထား
ချစ်ခဲ့ကြတာ မဟုတ်လားကွယ် ။။
ခါချည်ကောင်ရယ် ဝင်နှောက်တာကြောင့်
သုဘဒ္ဒလို့ မုန်းမာန်ပျိုးကာ
မင်းဆဒ္ဒန်နှယ် အဖြစ်ဆိုးက
မောင့်ဘဝမှာလည်း ကြုံခဲ့ပြီပေါ့
စိန် ရွှေ ရတီတွေကို ထပ်တလဲလဲနဲ့
ပန်ဆင်သလိုများ အချစ်ကိုလည်း
အတွဲအတွဲတွေနဲ့ အသဲခွဲခဲ့တာပ
အသဲကွဲတာ မဆန်းဘူးဆိုပေမယ့်
အမြဲ အမြဲသာ မေ့မရသူကတော့
ကျွမ်းမျက်အသဲ လွမ်းလျှက်ပါပဲ ......

No comments:
Post a Comment