ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Sunday, April 14, 2013

♥ ခဏလေးဖြစ်ဖြစ် ဝင်ကြည့်ပါ ♥


♥ ချစ်သူရေ ♥
ငါ ဆိုတဲ့ မောင် က ဖုန်းခဏခဏဆက်တာ
ချစ်သူ့အသံလေး ကြားခြင်လို့လေ...

♥ ချစ်သူရေ ♥
ငါ ဆိုတဲ့ မောင် က ချစ်သူ wall မှာ
လက်ဆောင်ပေးတာ အရမ်းချစ်လို့လေ....

♥ ချစ်သူရေ ♥
ငါ ဆိုတဲ့ မောင် က ချစ်သူကဗျာပိုစ်တွေ့မှာ
like လုပ်တာတွေ comment ပေးတာတွေက
ချစ်သူအပေါ် အလေးထားလို့
ဂရုစိုက်ကြောင်း သိစေချင်တာလေ....

♥ ချစ်သူရေ ♥
ငါ ဆိုတဲ့ မောင် က ချစ်သူ page မှာ
ပုံလာပို့လို့ မထိတထိရေးတဲ့
ကောင်လေးတွေကို သဝန်တိုတာ
အပြစ်မဟုတ်ဘူး သိပ်ချစ်လွန်းလို့လေ....

♥ ချစ်သူရေ ♥
ငါ ဆိုတဲ့ မောင် က ချစ်သူတင်သမျှ
အရာအားလုံးမှာ ပါဝင်ချင်တာပေါ့
အဲတာကရော ကိုယ့်ချစ်သူက
အလေးထားပါလား ဆိုတဲ့အတွေးနဲ့
မောင် လည်းပျော်ချင်တာလေ...

♥ ချစ်သူရေ ♥
ငါ ဆိုတဲ့ မောင် က ချစ်သူကိုချစ်သူပါလို့
လာလာမေးတဲ့ ကောင်လေးတွေကို
ချစ်သူတွေလို့ ပြန်ပြောပြတာ
မောင့် ချစ်သူကို ကာကွယ်ခြင်တာလေ...

♥ ချစ်သူရေ ♥
ငါ ဆိုတဲ့ မောင် က မရေရာခြင်းတွေများလို့
မသေခြာသေးဘူးဆိုနေရင်လည်း
သေခြာတာတစ်ခုပဲပြောမယ်
မောင့်ရဲ့လက်ကို ခိုင်ခိုင်တွဲလို့
ချစ်သူကသာ သတ္တိရှိစေ
ချစ်သူအိမ်အရောက် မောင် နားဖောက်မယ်
မောင့်ရင်ထဲကို ခဏလေးဖြစ်ဖြစ်
ဝင်ကြည့်စမ်းပါ အချစ်ရယ် ♥♥♥

 

No comments:

Post a Comment