ချစ်သူရေ
သာစွဌာနေ မြန်မာပြည်မှ
ခွဲခွာရက်စက် ထားခဲ့တာမျိုး
မဟုတ်ခဲ့ရိုးမို့ ချစ်သက်ညှာလည်း
သိစေချင် ........
ကျန်ခဲ့သူလည်း လွမ်းနေမှာပေါ့
ချန်ခဲ့သူအဖြစ် ရင်မချီအောင်နွမ်း
အသည်းထိအောင် ပန်းခဲ့တာတော့
ဘယ်သူကမြင် ဘယ်သူသိမလည်းကွယ် .......
မခွဲထာဝစဉ် နေရအောင်လို့
ချစ်သူကို ကျောခိုင်း
အပူးမီးတွေ ဝိုင်းနေတာကို
ချစ်သက်ညှာတော့ သိမှာပေါ့နော်......
နှစ်များမကြာ ပြန်သောခါဝယ်
တူနှစ်ကိုယ်ခြား သစ္စာထားရင်း
ဘဝမခြား ထာဝရတဲ့
ချစ်အနားမှာ နေရအောင်လို့
ရက်မြတ်ကိုရွေး လက်ထပ်စို့လေး .......

No comments:
Post a Comment