မုလေး ခတ္တာ ♥ ဒေါန စံပယ်
ဆတ်သဖူး ပုန်းညှက် ♥ အင်ကြင်း ဂမုန်း
ဆင်းလှတော်ဝင် အပင်များစုံလင်
ပန်းပေါင်းများစွာ ရှိနေညားလည်း
အညှာရယ်စိမ်း အပွင့်ရယ်ဝါ
နွေကြိုတန်ခူး ပိတောက်ဖူးက
တစ်နှစ်တစ်ခါ ပွင့်ကြရှာတော့
မောင့် ရဲ့အချစ် ထိုသို့ဖြစ်သည်
ထပ်ပြီးတင်စား ပိတောက်နဲ့မခြား
တစ်သက်မှာကွယ် တစ်သီးရယ်နဲ့
သစ္စာကြီးမား ပေပင်အလား
မေတ္တာပွားလို့ သစ္စာထားရင်း
အယူအသိမှာ ချစ် ရှိတာမို့
ချစ်မိစေသား ကြင်နာထားမည်
ချစ်သဲတစ်သက် ပျော်စေသော် ♥♥♥

No comments:
Post a Comment