ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Monday, April 1, 2013

♥ မွေး နေ့ဆု မွန် ♥



တစ်နှစ်မှာမှ တစ်ကြိမ်ပါကွယ်

တစ်ကြိမ်မှာမှ ဒီတစ်လထဲ

တစ်လထဲမှ တစ်ရက်ပါလေ

တစ်ရက်မှာလေ နေ့မြတ်ထူး

သည်းဆိုင်ညှာရဲ့ မွေးနေ့ဦး ~~~

တေးသွားပန်းချီ ရေးသားသီလို့

စာပေမှာမွေ့ စာအတွေ့နဲ့

ချစ် နဲ့ မောင် တို့ တွေ့ကြပုံများ

မြှားနတ်ရေးတဲ့ ဖူးစာရေးလား

နှလုံးသားက နားလည်ထားလို့

နှစ်ဦးသားရယ် မုန်းစကားမကြွယ်ပဲ

မွေးနေ့ဆုမွန် တောင်းချွေပြုမယ်

မောင့်ချစ်သူရယ် ဒီလိုပါကွယ်

မွေးနေ့မှသည် အစချီလို့

ဖွဲ့နွဲ့ကဗျာများ ရေးနိင်စေ

မွေးနေ့မှသည် နောင်ကမ္ဘာတည်လို့

မောင်တို့ချစ်ခြင်း မြဲပါစေ

မွေးနေ့မှသည် ရက်လအလီသို့

သက်ဆုံးတိုင်အောင် ပျော်ပါစေ

မွေးနေ့မှသည် နှစ်ရာချီလို့

ကြည်သာချမ်းမြ ရှိပါစေ

မွေးနေ့မှသည် သင်္ချေဆီသို့

ဘဝမခြား မောင့်အနားမှာ

ထာဝရလည်း နေနိင်ပါစေ

ချစ်သူရေ ♥♥♥

No comments:

Post a Comment