
နှစ်ဦးဂိမာန် ခါနွေဆန်းတော့
ရာသီပန်းတို့ လှမ်းထုံလို့ဝေ
မှုံရွှေဝတ်ကယ် တိမ်ပန်းချီလား
တောင်ပြန်လေညှင်း စော်သွင်းတော့လေ
တာတန်ခူးနဲ့ ချစ်ဦးသူသို့
လွမ်းမိပုံလေး ကဗျာစီရေးတော့
ထက်ပင်ယံ ဝေဟင်ဖျားဆီက
ပိတောက်ရယ် ခိုင်ညှာတွေ
ပုရစ်ဖူးနှယ် ညှာတံဝေလို့
သင်းရနံတွေ လှိုင်ကြူကာနေ
ု
ပိတောက်ဖူးတွေပါ မေ ♥♥♥
နှစ်ကူးသင်္ကြန် ထူးတဲ့ဟန့်နဲ့
နွေကြိုဥသြ တေးဆိုလေတော့
ဖြေမလျှော့တဲ့ လွမ်းစာတွေနဲ့
လွန်ပျော်မြေ့ဖွယ် အသွယ်သွယ်ကို
ပြန်တွေးလိုက်တိုင်း ရင်တွင်းလှိုင်းဝယ်
ကျွမ်းမျက်အသည်းနဲ့ လွမ်းလျှက်ပဲမို့
လွမ်းသမျှ ပြေပျောက်စေမယ့်
ပန်းအလှရယ် ရွှေပန်းတောက်တွေနဲ့
မောင် ရောက်ခါလာမယ့်လမ်း
လက်ကမ်းလို့ ကြိုစမ်းပါ မေ ♥♥♥
No comments:
Post a Comment