ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Friday, April 26, 2013

!! ♥ မေ့မရပါလား မေရယ် ♥ !!

နားနဲ့မနာ ဖဝါးနဲ့နာလို့
နှလုံးသားက အသဲကြွေနွမ်း
မျက်ရည်ခန်းလို့ ငိုမိတာတွေ
မြင်ပါရဲ့လား ချစ်ရသော မေ ....

သိကြားစေရယ် သက်သေညွှန်းလို့
ရင်ခွင်ကမ္ဘာက လွမ်းရကြောင်းတွေ
မေ က မ မြင် မေ က မ သိ
မသိ မသိ ခဲ့ပါဘူးကွယ် .....

ဘဝအဖော် မဖြစ်ခဲ့ဘူးဆိုတော့
ခဏအပျော် ချစ်ခဲ့တာလား မေ
တစ်ဘဝမှာ တစ်ခါသာဖြစ်
တစ်နှစ်မှာမှ တစ်ခါသာသီး
တစ်ကြိမ်မှာသာ တစ်ခါသာပွင့်
ပိတောက်ရယ်မှ ပေသီးရယ်နှယ်
နှလုံးသားနု အချစ်များစုလို့
ချစ်ခဲ့မိသူ ဒီမောင်ကိုမှ
ညိုးမယ်ဖွဲ့လို့ ရိုးတယ်ဆိုတဲ့
စကား စကား တွေနဲ့ရယ်
ထား ထား ခဲ့တာလား ကွယ် ....

မေ့လိုက်ပါတဲ့ မေ့ ရဲ့စကား
နားထဲကြားတော့ အစဉ်ဝေးပြီမို့
ရင်ထဲမှာလည်း မအေးချမ်းတော့
အပူမီးတွေထ အလွမ်းဖျားစရင်း
စိတ္တဇအသဲ အတိတ်ဘဝမခွဲ
မခွဲ မခွဲ ဆိုတဲ့ ကတိတွေက
မြစ်ကျိုးအင်းလို ပျက်ရိုးအစင်းမို့
အ မှတ် တ ရ လေး တွေ က များ
ဩော် မေ့ မေ့ မရပါလား ကွယ် .....

 

No comments:

Post a Comment