ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Sunday, April 28, 2013

~^!^~ ငါ သနားမိတယ် လှိုင်မင်း ရယ် ~^!^~


သူ ငယ် ချင်း ရေ
မင်းတို့လို ငါ စာမတက်ပေမယ့်
ငါ မင်းအတွက်တော့ ကဗျာလေးစပ်မိတယ်
ခလောက်ဆန်ကာ အမြှောက်ကြံလို့
ပူပင်စရာ မီးတွေမွှေးလည်း
အမုန်းမဖတ် အပြုံးတစ်စက်
မပျက်ခဲ့ပါလား သူ ငယ် ချင်း ရာ .............


သူ ငယ် ချင်း ရေ
ပြိုင်လာလျှင်အရူံးပေး နှလုံးအေးအောင်ရယ်
သိုးသူငယ်လို ညိုးငယ်စွာနေပေမယ့်
ဆန်ကောလောက်မှ ဇောက်မနက်တဲ့
ကျွဲပါးစောင်းတီး အာဖျံ ရွှီးတွေက
ဖြစ်ကြောင်းကုန်စင် မသိပါညှား
ပြောနေလိုက်တာများ မင်းအတွက်တော့
စိတ်မကောင်းလိုက်တာ သူ ငယ် ချင်း ရာ .......


သူ ငယ် ချင်း ရေ
မင်း လမ်းကို မင်း လျှောက်ရင်း
မင်း မှန်တာ မင်း လုပ်ခါ
အားလုံးကို အပျော်တွေပေး
မသိတာတွေ မျှဝေပေးလို့
ထိုထိုအများ ထိုသူများကို
ညီရင်းအကို မောင်ရင်းနှမ
သွေးရင်းသဖွယ် မင်း ထားခဲ့တာ
တော်တော်များများ သိလိမ့်မယ်လို့
ငါ ထင်ပါတယ် သူ ငယ် ချင်း ရာ .....


သူ ငယ် ချင်း ရေ
စာပေမှာမွေ့ စာအတွေ့နဲ့
မင်း ပျော်အောင်သာ နေလိုက်စမ်းပါ
ယောက်ကျားဆိုတဲ့ မာနတရား
ခဝါချကာ အခါခါထားရင်း
တစ်ယောက်သော သူအတွက်ဆိုတာ
ငါ သိပါတယ် သူ ငယ် ချင်း ရာ ....


သူ ငယ် ချင်း ရေ
မင်း ရဲ့အချစ် မင်း ရဲ့မေတ္တာ
မင်း ရဲ့သစ္စာ မင်း ရဲ့ အကြင်နာတွေကိုမှ
ပူတယ်လို့ သူ ထင်နေတာများလား
မင်း အတွက်နဲ့ စကားလေးတွေ
ပြောလိုက်ချင်တယ် မင်း စိတ်မဆိုးနဲ့နော်
ကျားသနားမှ နွားချမ်းသာတာ
မိန်းမကောင်းတစ်ပွင့် ပန်တာသင့်မို့
မတော်လို့များ အပျော်ကြံကာ
သွားကြရင်ဖြင့် ဩော် ငြူစူကာလေ
ဘယ်သူကများ နမ်းချင်ပါမလည်း
အသိခေါက်ခဲ့ သူ အဝင်မနက်ပါစေနဲ့လို့
ငါ လေ မင်း အတွက် ပြောပေးရင်း
မင်း အတွက်တော့ ကဗျာတစ်ပုဒ်
ငါ စပ် လို့ မ ပြီး သေး ပါ တစ် ကား
လှိုင်မင်း ဆိုတဲ့ သူ ငယ် ချင်း ရာ ..................

No comments:

Post a Comment