ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Monday, April 1, 2013

♥ ရွှေဘိုသူသို့ လွမ်းမိတယ် ♥

ဆည်းဆာရစ်ခွေ ချူပ်နေရီရယ်

စပ်ကူးမက်ကူး အလှထူးတဲ့

ရောင်နီရယ်သန်း ညနေချမ်းမှာ

ရွှေဘိုတစ်ခေါက် ဒီမောင်ရောက်တော့

အသားတော်က ညိုပြာညှက်ရယ်

မှုပိုမချွဲ အသံဝဲဝဲ

ဟန်ဆောင်မထား ဖော်ရွေအားနဲ့

ရွှေဘိုအလှ မေပျိုနှမက

လိုက်လို့ပို့ပုံ ဘုရားစုံကို

ဖူးမျှော်ဝတ်တွား အတူသွားလို့

ပန်းမန်းရေချမ်း သစ်သီဆွမ်းနဲ့

ပန်သစ္စာဆု တူပြုကြတယ်

ထားခဲ့မေတ္တာ မောင့်ကြင်နာများ

ဆေးပန်းချီတွေ ရေးမမှီလို့

တစ်ဘဝမခြား ချစ်အနားမှာ

နေရအောင်လို့ ပြန်သာပြန်ရ

စိတ်အစဉ်က ချစ်အနားမှာပဲ

တစ်ဝဲလည်လည် ဩော်ချစ်သူရယ်

နေညိုတိုင်းလည်း ရွှေဘိုမြို့က

ချစ်နှမကို မောင်လွမ်းတယ် 
Photo: <3 ရွှေဘိုသူသို့ လွမ်းမိတယ် <3


ဆည်းဆာရစ်ခွေ ချူပ်နေရီရယ်

စပ်ကူးမက်ကူး အလှထူးတဲ့

ရောင်နီရယ်သန်း ညနေချမ်းမှာ

ရွှေဘိုတစ်ခေါက် ဒီမောင်ရောက်တော့

အသားတော်က ညိုပြာညှက်ရယ်

မှုပိုမချွဲ အသံဝဲဝဲ

ဟန်ဆောင်မထား ဖော်ရွေအားနဲ့

ရွှေဘိုအလှ မေပျိုနှမက

လိုက်လို့ပို့ပုံ ဘုရားစုံကို

ဖူးမျှော်ဝတ်တွား အတူသွားလို့

ပန်းမန်းရေချမ်း သစ်သီဆွမ်းနဲ့

ပန်သစ္စာဆု တူပြုကြတယ်

ထားခဲ့မေတ္တာ မောင့်ကြင်နာများ

ဆေးပန်းချီတွေ ရေးမမှီလို့

တစ်ဘဝမခြား ချစ်အနားမှာ

နေရအောင်လို့  ပြန်သာပြန်ရ

စိတ်အစဉ်က ချစ်အနားမှာပဲ

တစ်ဝဲလည်လည် ဩော်ချစ်သူရယ်

နေညိုတိုင်းလည်း ရွှေဘိုမြို့က

ချစ်နှမကို မောင်လွမ်းတယ် ......

No comments:

Post a Comment