တန်ခူးလေတွေ ပြေးဆော့တော့
ရွာရိုးတစ်လျှောက် ပန်းပိတောက်တွေ
ပွင့်ရှာလေတော့ ပန်းများရယ် ဝါ
ညှာတံရယ်စိမ်း ဝင်းလဲ့ရည်ရွှေအသွေးနဲ့
မွှေးရနံ့က တသွင်သွင် ကြည့်စမ်းပါ ခင် .....
မြင် သူတွေ ငေး တွေ့သမျှ မေ့
ဝေး သူလည်းလွမ်း ထိသမျှပင်လန်းတဲ့
ဒီပင်နန်းထက်က ပန်းပိတောက်တွေ
ထုံသင်းပျံလို့ ဝေခဲ့ရင်
ပိတောက်ဖူးရယ် စိမ်းမြမြ
အတာရေလည်း အေးချမ်းလှ
မောင် မမေ့ဘူးကွဲ့ ညတစ်ည
မောင် ကိုယ်တိုင် ခူးလာခဲ့
ပိတောက်ဖူး ချစ် အတွက်ရည်စူး
ပန်ဆင်ရန်ပြင်လေတော့ မြင်ရတဲ့
ချစ်သူ အပြုံး ဖိုး ရွှေ လ တောင် ရူံး .....

No comments:
Post a Comment