ပြာ ရီ မှုံ လို့ မှိုင်း ညို့လေပြီ ဆိုမှဖြင့်
တိမ်မျက်ဝန်းညိုတွေက လွမ်းတေးဆိုလို့
မိုးနဲ့အတူ ငိုနေပါတယ် မေ...
မြယောင်ချယ်သ ကဗျာအလှနဲ့
ချစ်ရေးရယ်မညီ လွမ်းကဗျာတွေသီရင်း
မျှော် မျှော် ကာနေသူ မောင့် ကို မှ
ဘယ်အငြိုးနဲ့ ကိုရွှေမိုးက
သည်း သည်း လို့ ရွာ .....
မခွဲဘူးတူနှစ်ကိုယ် သစ္စာတွေဆိုလို့
တစ်နှစ်မကူးခင် ကတိတွေပြယ်ကာ
ရှောင်ဖယ်မသွား မမုန်းလိုက်ပါနဲ့လား
အသက်တမျှ ချစ် ချစ် ရသော
အကြင်နာ မဖုရားရယ် .....

No comments:
Post a Comment