ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Monday, April 1, 2013

~~~ လတန်ခူးမို့ မမေ့ဘူးကွယ် ~~~


 Photo: ~~~ လတန်ခူးမို့ မမေ့ဘူးကွယ် ~~~


♥ ချစ်သူရေ
တစ်နိင်ငံရယ် ရေမြေခြားလို့
လွမ်းနေမယ်ဆိုတာတွေကို
ဖဝါးခြင်းထပ် ရင်ခြင်းအပ်ရင်း
သစ္စာတွေကို ယုံပြီးသားပါ ကွယ် .....

♥ ချစ်သူရေ
နှုတ်တစ်ရာ စာစကားလုံးတွေနဲ့
မောင့် မေတ္တာတွေ ရွေးသီကုံးရင်း
၁၂လရာသီ အစချီလို့
တစ်နှစ်တစ်ခါ ရောက်လို့လာတော့
လတန်းခူးပေမို့ အလှထူးတယ်ကွဲ့
ပိတောက်ဖူးတို့ကပွင့်ပြီလား မေ .......

♥ ချစ်သူရေ
ဆောင်းကုန်လို့ နွေကိုကူးတော့
တောင်ပြန်လေလည်း မြူးပြီပေါ့နော်
ရနံ့ထုံသင်း ရွှေဝါအဆင်းနှယ်
ပန်းဝါမွှေးက ဝင်းဖန့်ဖန့်လေးမို့
မေတ္တာအဆင်း သတိရခြင်းတွေနဲ့
ပန်းပိတောက်လေးကို ဆွတ်ခြွေခူးရင်း
ပန်ပေးခဲ့တုန်း မေ့အပြုံးလေးတွေ
ဘဝအသည်း အစဉ်ပဲလို့
ပြန်တွေးကြည့်ရင်း မြင်ယောင်မိရင်း
မမေ့နိင်တဲ့ သည်းဆိုင်ဦးရယ်
အမှတ်တရတွေရယ်ကများ
ဩော်
တန်ခူးလမို့ ပိုလွမ်းမိသား မေ ♥
♥ ချစ်သူရေ
တစ်နိင်ငံရယ် ရေမြေခြားလို့
လွမ်းနေမယ်ဆိုတာတွေကို
ဖဝါးခြင်းထပ် ရင်ခြင်းအပ်ရင်း
သစ္စာတွေကို ယုံပြီးသားပါ ကွယ် .....

♥ ချစ်သူရေ
နှုတ်တစ်ရာ စာစကားလုံးတွေနဲ့
မောင့် မေတ္တာတွေ ရွေးသီကုံးရင်း
၁၂လရာသီ အစချီလို့
တစ်နှစ်တစ်ခါ ရောက်လို့လာတော့
လတန်းခူးပေမို့ အလှထူးတယ်ကွဲ့
ပိတောက်ဖူးတို့ကပွင့်ပြီလား မေ .......

♥ ချစ်သူရေ
ဆောင်းကုန်လို့ နွေကိုကူးတော့
တောင်ပြန်လေလည်း မြူးပြီပေါ့နော်
ရနံ့ထုံသင်း ရွှေဝါအဆင်းနှယ်
ပန်းဝါမွှေးက ဝင်းဖန့်ဖန့်လေးမို့
မေတ္တာအဆင်း သတိရခြင်းတွေနဲ့
ပန်းပိတောက်လေးကို ဆွတ်ခြွေခူးရင်း
ပန်ပေးခဲ့တုန်း မေ့အပြုံးလေးတွေ
ဘဝအသည်း အစဉ်ပဲလို့
ပြန်တွေးကြည့်ရင်း မြင်ယောင်မိရင်း
မမေ့နိင်တဲ့ သည်းဆိုင်ဦးရယ်
အမှတ်တရတွေရယ်ကများ
ဩော်
တန်ခူးလမို့ ပိုလွမ်းမိသား မေ ♥
 

No comments:

Post a Comment