
ရတုစာဆို နတ်ရှင်နောင်လို
ဓါတုနှမ အ မျက် ရှ ခါ
မဲဇာတောင်ခြေ ဂနိင်မြေသို့
ပို့နေပါသလား မ ဖု ရား ရယ် ......
အရင်ကဆို မြူးထူးပျော်ပါး
ရိုမီယို ဂျုးလီယက် မခြား စန္ဒကိန္ဒရီတွေအလား
ချစ် လိုက် ကြ တာ တ အား ပေါ့
မကြင်ဘက်အတွက် တိမ်း ကာ ပ
သခင်ရက်စက် စိမ်းတာလည်းကွယ် .....
ထားရာနေ စေရာသွား အဖြည့်ခံလူသားကိုမှ
ကံကြမ္မာဒဏ်သင့်ခါ ဩော် အပယ်ခံမခြား
ကိုယ် ထိုက် နဲ့ ကိုယ် ကံ ရင်စီးကာခံလို့
ဘဝတစ်ကြောမှာ ရေစုန်မျောရင်း
ခု များ ဆို အ စဉ် ဝေး ပြီ မို့
ဒီ ရင် မှာ ဝေဒနာ ဗလာပွနဲ့
တစ် ယောက် ထဲ သာ သွား တော့ မည်
အချစ် အမုန်း မ ရှိ လေ သော
သီ ခြား က မ္ဘာ ဆီ !!!!!!!!!
No comments:
Post a Comment