မောင် ခိုင်မြဲစွာတွဲမယ့် ဒီတွဲလက်
ကြင်နာစွာနဲ့ ပွေ့ဖက်မယ်
အလွမ်းခန်းတွေ မရုပ်သိမ်းခင်ပေါ့
ဆန္ဒတွေကို ရေတွက်ရင်းလေ
ချစ် နဲ့ နေရမယ့်အချိန်ကို
မောင် တမ်းတနေမယ်ဆိုရင်
ချစ် ဆုတောင်းက ဘာဖြစ်မလဲဟင်
ထပ်တူထပ်မျှပါလို့ နားဝမှာ
အားရအောင် ချစ် ပြောပေးနော်
အားမလိုအားမရနဲ့ ခံစားနေမိတာ
ချစ် လွမ်းတယ်ပြောလိုက်လို့လား
မယုံမရဲနဲ့ နုံအတဲ့ကလေးလိုပဲ
ဒဏ္ဍာရီလား ပုံပြင်လားဆိုပြီး
တွေးနေမိတာက မောင် ပါလေ
အသဲစွဲအောင်ချစ်မှာမို့ အပြစ်ရှာပြီး
စကားမပြောရင် မငြိုငြင်ပါဘူးလေ
ချစ် မငိုအောင် ထားပေးနိုင်ဖို့
ကြိုးစားနေတယ်ဆိုတော့
အင်အားတွေနဲ့ မောင် အားငယ်နေစဉ်မှာ
ပွေ့ဖက်ထားပေးပါနော်ချစ်သူ
ဘယ်သောအခါမှ မောင့်တို့တွေ
တွဲ လက် မ ဖြုတ် တမ်း ပေါ့
No comments:
Post a Comment