ညီမလေးရေ
ူ
တာတန်ခူးမို့ အလှထူးပြီကွယ်
ငုဝါကဖွေး ပိတောက်ကမွှေးနဲ့
နှစ်ကူးသင်္ကြန် ရောက်ခဲ့ပြန်တော့
နွေဦးတေးသံ ကြားမြဲကြားလို့
ပိတောက်ဖူးတွေ ဖူးမြဲဖူးနေ
လေးနှမငယ်တို့ က မြဲ က ရင်း
ရိုးရာသင်္ကြန် အဖိုးတန်ကို
အနောက်တိုင်းရုပ် အဟုတ်လုပ်လို့
လှပ်ပေါ်လော်လီ မတော်တအီတွေ
ဝတ်စားကာသွား လမ်းမသလားနဲ့
မူးရစ်သောက်စား ဟော်တယ်သွားလို့
ကာမဂုဏ်လည်း မနစ်စေနဲ့
အဖိုးထိုက်တဲ့ ပန်းပွင့်လေးတွေ
နွံ့မနစ်ရေး ရည်မျှော်တွေးလို့
ကဗျာအသိလေးနဲ့ စာစီမိတယ်
သဏ္ဍန်သရုပ် အမှန်မဟုတ်မို့
သတိချပ်ကာ နားလည်လို့ထား
အတွေးမှားလို့ နွမ်းများနွမ်းရင်
ပတ္တမြားတစ်ပွင့် ပျောက်ဆုံး၏မို့
စိုးရိမ်မိတယ် ညီမလေးတို့ရယ် ...................
သင်္ကြန်အတွက် ညီမငယ်လေးများအား ရည်ရွယ်၍
ူ
တာတန်ခူးမို့ အလှထူးပြီကွယ်
ငုဝါကဖွေး ပိတောက်ကမွှေးနဲ့
နှစ်ကူးသင်္ကြန် ရောက်ခဲ့ပြန်တော့
နွေဦးတေးသံ ကြားမြဲကြားလို့
ပိတောက်ဖူးတွေ ဖူးမြဲဖူးနေ
လေးနှမငယ်တို့ က မြဲ က ရင်း
ရိုးရာသင်္ကြန် အဖိုးတန်ကို
အနောက်တိုင်းရုပ် အဟုတ်လုပ်လို့
လှပ်ပေါ်လော်လီ မတော်တအီတွေ
ဝတ်စားကာသွား လမ်းမသလားနဲ့
မူးရစ်သောက်စား ဟော်တယ်သွားလို့
ကာမဂုဏ်လည်း မနစ်စေနဲ့
အဖိုးထိုက်တဲ့ ပန်းပွင့်လေးတွေ
နွံ့မနစ်ရေး ရည်မျှော်တွေးလို့
ကဗျာအသိလေးနဲ့ စာစီမိတယ်
သဏ္ဍန်သရုပ် အမှန်မဟုတ်မို့
သတိချပ်ကာ နားလည်လို့ထား
အတွေးမှားလို့ နွမ်းများနွမ်းရင်
ပတ္တမြားတစ်ပွင့် ပျောက်ဆုံး၏မို့
စိုးရိမ်မိတယ် ညီမလေးတို့ရယ် ...................
သင်္ကြန်အတွက် ညီမငယ်လေးများအား ရည်ရွယ်၍

No comments:
Post a Comment