ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Friday, April 26, 2013

♥ ^!^ မေ့ မ ရ ပါ လား မောင် ♥ ^!^

ရေစက်ရယ်မကြုံ ဖူးစာမဆုံလို့
ရက်စက်ခွဲခွာ ထားခဲ့တာလား မောင် .....

မေ တို့နှစ်ယောက်ရဲ့ ရင်ခုန်သံစည်းချက်
မိုးထက်ယံသို့ လွင့်ပြန်စဉ်က
အရင်းအနှီးဆုံးများ မောင့် ဘေးထားကာ
တွဲလက်တွေနဲ့ ခရီးဆက်ကြရင်း
မ ခွဲ ဘူး တူ နှစ် ကိုယ်
သစ္စာတွေဆို အ ချစ် ပို.....

ခုများဆို အစဉ်ဝေးပြီမို့
ရင်ကျွမ်းကာ မပျော်ရွှင်နိင်ဘူး
ပျောက်သောလမ်းမှာ စမ်းတဝါးနဲ့
လျှောက်သောလမ်းမှာ မောင်မပါလေတော့
အသက်နှင့်မခြား ချစ်မိလို့များ
စိမ်းရက်တာလား မေ့ သခင်ရယ် ......

စိတ္တဇအတွေးကျယ် သိပ်ကိုဆွေးဖွယ်
အိမ်မက်လေလား ဝိုးတဝါးနဲ့
ပေါ် ပေါ်လာသေး မျက်နှာလေးက
ခပ်ရေးရေးနဲ့ အတိတ်ခြေရာများ
စိတ် တွေ တောင် ထွေ ကာ သွား လို့
လွမ်း လွမ်း တဲ့ အ သည်း တွေ က
ကျွမ်း ကျွမ်း မြေ့ ကာ သွား တော့
မေ့ မေ့ မ ရ ပါ လား မောင် ရယ် ........


 

No comments:

Post a Comment