တင်စားလို့သာ ပြောကာပြရင်
ဥမ္မာဒါနီ ရယ် ပပဝတီ အလား
မမြင်ဘူးပေမယ့် သူတို့တွေထက်
မောင့်ချစ်သူက ပိုလှတယ် ........
အမရာ ကိန္ဒရီ မဒီ သမ္မူလ မခြား
ဆင်းလှတော်ဝင် မောင့် သခင်ကရော
သစ္စာတွေထား မေတ္တာတွေပွားရင်း
ချစ်မှာလားလို့ မေးစဉ်ခါက
မခို့တရို့အပြုံး မိုနာလီဇာတောင်ရူံး ......
ပါးပြင်ဖွေးဖွေး နံ့သာမွှေးနဲ့
သုတ်လိမ်းချယ်သ ချစ်သူအလှက
ရည်ရင်လည်းဖွေး သထက်လေးနဲ့
ပြုံးရင်လည်းနော် ပါးချိုင့်လေးပေါ်လို့
ဒီမောင်အသည်း အစဉ်စွဲတော့
ဒီ ကမ္ဘာမှာ အလှ ဆုံး ပေါ့ ................

No comments:
Post a Comment