ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Friday, April 26, 2013

♥ အချစ် အလွမ်း တေးသံ မိုးထက်ညံ ♥

နာရီအုန်းမောင်း လင်းကြက်တွန်သံ
ကြားပြန်အသိ တစ်ကယ်မချီ 
ရင်တွင်းဆွေးပူ လွမ်းရသူလေ 
အချစ်မငဲ့ အပြစ်ဖွဲပေါ့ 
အချစ်ဆုံးမို့ ပြစ်မမုန်းနိုင်တာ 
သိပါလေစ ဩော်သိပါလေစ
ချစ် သူ ရယ်
ချစ်ရသူ လိုင်မင်း

အချစ်ဆုံးမို့ ပြစ်မမုန်းနိုင်ပါဘူး ......
ဆွေးပူရင်တွင်း ကွေကွင်းခြင်းကို ...
လွမ်းရသူလေ .. ပြောပြချင်ရဲ့ ....
အပြစ်ရယ်မဆိုထားနှင့်
ချစ်တယ် ဆိုတဲ့ စကားကိုပင် .....
သိပါလေစ ... သြော် .... သိပါလေစ ......
Naung Yoe

ဘဝတုန်းနွမ်း ရင်ခုန်ကျွမ်းလို့
မနာရက်နိင်တဲ့ မောင့်အသည်း
အော် ချစ်ရေ ရာသက်တိုင်းပဲ
ချစ်ရသူ လိုင်မင်း

ရာသက်ပန်တိုင် ရင်မှာကျွမ်းလို့ ...
မနာရက်နိုင်တဲ့ ဒီက အလွမ်းနဲ့ ....
ဘ၀နွမ်းတုန်း ... အချစ်တွေ ဆုံးရရင်ဖြင့် .....
သြော် အချစ်ရေ ..... မောင့် အသည်းတွေ ... နွမ်းလို့ကြွေပေါ့ .........
Naung Yoe

ကြွေ ကွဲလို့နွမ်း အိပ်မရလို့လွမ်း မောင့်မှတော့အသည်းတွေ ကျွမ်း
ချစ်ရသူ လိုင်မင်း

အသဲကျွမ်းမော့င်မှာ ... ကြေကွဲလို့နွမ်း .. အိပ်မရလွမ်းပြီး ....
အလွမ်းလက်ကျန် ရှည်ပါနိုင် ........
Naung Yoe

အကြင်နာချစ်ချင်း အပြစ်ကင်းလို့
ရတုစာဆို နတ်ရှင်နောင်လို့ ဖွဲကာဆိုချင်ပေမယ့်
ချစ်သူကလေ unfriend လုပ်ထားတာပေမို့
ချစ်သူမုန်းတဲ့ ဒဏ် သင်္ချေဆုံးထိ
မောင် မခံပါရစေနဲ့ လား ထာဝရချစ်သူ ရယ်
ချစ်ရသူ လိုင်မင်း

စာဆို နတ်သျှင် ရတုတင်တော့ .. ပစ်ယူတိမ်းပါး ... စိမ်းကားရက်စွာ ......ဓါတုကလျာ..... နှမပြိုမေ ... ရှောင်ခွာသွေလည်း .......။ အပြစ်မဲ့ကင်း ... မောင့်ချစ်ခြင်းမို့ ...... ချစ်သူ ပြစ်မုန်း ... အဆုံး သင်္ချေ ..... ခံယူသွေလည်း .....။ ရှောင်ဖယ်စိမ်းကား .... ချစ်သူပါးမှ ... ငါ့အား .... နှင်လျှက် .... သူ ရက်စက်ပြီ .......
Naung Yoe

လေလာတိမ်းပါ ယိမ်းကစားသည့်
ပဲပျား အပင်လည်း မဟုတ်ရ
ရွက်ကျပင်ပေါက် မြက်ခြောက်ပင်မျိုး မဟုတ်ရိုးနဲ့
တစ်သက်မှာ တစ်ခါသီး သစ္စာ ကြီးတဲ့ ပေပင်နဲ့မခြား ချစ်မိသူ ဖြစ်နေသားမှ တစိမိုး အောက်မှာ မဖောက်လွဲ ချစ်တစ်ကိုယ်ပဲ မောင် ချစ်တယ်
ချစ်ရသူ လိုင်မင်း

တစ်သက်တစ်ခါသီး ပေပင်ကြီးလို .... ချစ်သူကိုမူ ... တစ်မိုးတည်းအောက် ... တစ်ရေ စီသောက်ပေမယ့် ...လေလာတိုင်းယိမ်း ... ပဲပင်စိမ်းလို .... နေရာကျပေါက် ... ပင်မြက်ခြောက်လို ... မဟုတ်စေရ ... သစ္စာတရားဖြင့် ၀ိုင်းရံခသည် ...
ငါ့အား စိမ်းသူ ... မင်းလို မူ၏ ..
Naung Yoe

မကြင်ဘက်တွက်တိမ်း သူရက်စက်စိမ်းလည်း
ခွေယိုင်ကာလဲ မောင်အသည်းတွေ ကွဲတောင
်ချစ် လက်ဖဝါးနု သွေးမဥစေရ
မောင်ကိုယ်တိုင် နှလုံးပေးလို့
ချစ်သဲ တစ်သက် ပျော်စေကွယ်
ချစ်ရသူ လိုင်မင်း

မောင့် နှလုံးသား...... ကိုယ်တိုင်ပျိုးပါ့မယ် ... ချစ်သည်းရယ် ... ငြူစူနဲ့ ........။ ရက်စက်လို့ စိမ်းကားပါမှ .. တိမ်းသွားမဲ့ ကြင်နာသူ .....ခွေကာယိုင်လဲ ... မောင့် အသဲတွေ ကွဲပါမှ ... လွဲကာပ လို့ ... မထင်လိုက်လေနဲ့ .... ရွှေလက်တော်နုနု ... သွေးခြေတော် မဥ စေရ ... မောင့် ဘ၀ ကိုပေး .... အသက်ဆက်လို့ ရေးမယ် ......
Naung Yoe

Photo: <3 အချစ် အလွမ်း တေးသံ မိုးထက်ညံ <3

No comments:

Post a Comment