ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Sunday, April 28, 2013

~@~ မနမ်းထိုက်တဲ့ ပန်းအမိုက်မလေးရယ် ~@~


ဂေါ် သ ဇင် လို တော် မ ဝင် သူ ရယ်

အ ကြွေ ပန်း ဆို ပေ မယ့် လည်း

ရွှေ နန်း တော့ ထိုက် ချင် ပါ ရဲ့

ပွဲ မ ဝင် ခင် ပ ဏ္ဍာ တင့် ရ အောင် 

လက် တွဲ လို့ ခေါ် ခေါ် လေ သူ ကို မှ

ပူ ပူ တယ် လေ နင် ထင် မှတ် ကာ

လမ်း ခွဲ မယ် ကြံ မုန်း စိတ် ထန် လို့

ဓါး ထက် ထက် နဲ့ ရင် ကိုယ် ခွဲ

မင်း ပျော် ပါ ရဲ့ လား ကွယ် .......


ကျွမ်း မျက် ရှ အ ယူ တွေ တိမ်း ကာ ပ

လွမ်း လက် စ အ ပူ တွေ မ ငြိမ်း လည်း

မ နာ ရက် သေး ဘူး အ ချစ် ဦး ရေ

ရင် ထဲ သို့ စူး ဒီ ကောင် ရူး အုံး

တွယ် တာ မက် မက် အ ဖယ် ခက် တော့

နင့် အ ပြုံး ထေ့ ထေ့ ငြိုး မယ့် တ နေ့

တစ် ကယ် လို့ များ ရောက် လာ ခဲ့ ရင် 

မာ ယာ တွေ ကို နင် ခ ဝါ ချ ပါ လား

အ ပျော် ဆို တာ အ ဖော် ဖြစ် ပေ မယ့်

မ တော် လို့ များ လမ်း မှား သွား ရင် 

မေ တ္တာ အ ဆင်း ငါ ချစ် ခြင်း တွေ

နင့် အ ပေါ် မှာ ကို မ ဆူး စေ ရေး

ဆု အ ကြိမ် အ ကြိမ် ပေး လို့

မ နေ တက် ပေ မယ့် နင် ကျေ နပ် အောင်

နေ ပေး ပါ မယ် ဩော် မ နမ်း ထိုက် တဲ့
                     ပန်း အ မိုက် မ လေး ရယ် .................. 

No comments:

Post a Comment