ဖအေလည်းမတူ မအေလည်းမတူခဲ့ပါပဲ
အပြင်မှာမတွေ့ အွန်မှာတွေ့ပေမယ့်
ဖြူစင်စိတ်ရင်း သူငယ်ချင်းတဲ့
ညီရင်းမောင်ဖွား သွေးရင်းသားလို
ခင်မင်သမု အားလုံးပြု၍
ဘဝနှလုံး လွန်ရွှင်ပြုးကာ
ကြွေဆင်းကျတဲ့ မျက်ရည်စက်
မင်းတို့အတွက် ......
သူငယ်ချင်းတို့ရေ
မင်းတို့အရေး မင်းတို့အတွေးမှာ
ငါ လည်းပါဝင်ကာ ကလောင်တိုင်ကိုင်ရင်း
အပျင်းတော်ပြေဖို့ မရေးတက်ပေမယ့်
တွေးတက်သလိုလေး ရေးတက်သလိုရေးကာ
လွမ်းဆွေးစုံလင် ကဗျာတွေပင်
ရေးခဲ့သည် ............
သူငယ်ချင်းတို့ရေ
ခုများဘာကြောင့် ခွဲခွာအဝေး
ရှောင်လို့ပြေးလည်း မမေးပါနဲ့
ပြောနိင်အင်အား မရှိညားမို့
ကံရယ်မကုန် ပြန်သာဆုံရင်
အရင်လိုပဲ ခေါ်ပါပြောပါ
နူတ်ဆက်ပါလို့ အငိုမျက်လုံး
အပြုံးမျက်နှာနဲ့ နူတ်ဆက်ခဲပါပြီ............
No comments:
Post a Comment