ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Sunday, April 14, 2013

^!^♥ မေ့ ရ တော့ မှာ ပါ တ ကား ♥^!^


မေ့မှဖြစ်မည်

ရင်ထဲကစူး မောင့်ချစ်ဦးရေ

နှလုံးသားဝယ် မုန်းတရားမကြွယ်ပဲ

ဖဝါးခြင်းထပ် ရင်ခြင်းအပ်လို့

မောင့်တို့အချစ် မည်မျှရှိလည်း

♥ချစ်♥လည်းအသိ ♥မောင်♥လည်းအသိ

မုန်းမည်မုန်းမည်နှင့် ရစ်ချည်သမျှ

ကြွေမွလွန်းလို့ အသည်းကြွေကြ

မြေသို့ခလည်း အပြုံးမပျက်

အမုန်းမဖတ်တော့ပါဘူး ချစ်သူရယ်♥♥♥

မေ့မှဖြစ်မည်

ရင်ထဲကစူး မောင့်ချစ်ဦးရေ

တွယ်တာမြတ်နိုး အသက်ထက်မိုးကာ

တစ်ဘဝပါကွဲ့ ထာဝရရယ်လို့

ရည်စူးပေမယ့် အချစ်ဦးက

စကားမဆို ထားခဲ့မည်ပေါ့

တွယ်တာမက်မက် အဖယ်ခက်လည်း

ကျေနပ်အောင်တော့ နေပေးပါမည်

ပျော်လျှက်ပျော်ရာ သွားပါတော့ကွယ်

ဒီရင်မှာ ခြေရာတွေကျန်ပေမယ့်

ဝေဒနာဒဏ် ကံသင့်သူက

အပူရုပ်နဲ့ လူထုတ်ကာမပြခြင်တော့ပါဘူး

လက္ခဏာလို့ ပနာမတင့်သူမို့

အ မှတ် တ ရ တွေ ရယ် များ

ဩော်

မေ့ ရ တော့ မှာ ပါ တ ကား ^!^ ^!^

 

No comments:

Post a Comment