ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Sunday, April 14, 2013

♥♥♥ အ ရမ်း ချစ် တယ် ♥♥♥


နှုတ်တစ်ရာ စာတစ်လုံးနဲ့

ချစ်တာတွေ စာသီကုံးမယ်

ဝေဒနာတွေ ဖြေသာစရာ

ရှားသူမို့ အသည်းထဲပစ်

စွဲလန်းချစ်တော့ သစ္စာတွေထား

ချစ်တာကိုများ အပြစ်မဆိုနဲ့လား ............


တမာရယ်ချို ကောင်းကင်လည်းပြို

အီကွေတာမှာ လမင်းသာမှ

မုန်း မေ့ မဲ့ မောင် ပါ ပဲ လို့

အဖြစ်သည်းကာ ပြောများပြောရင်

အကြွားပိုတယ် ဆိုနေအုံးမယ်

မခွဲတမ်းတစ်သက် စွဲလန်းလျှက်မို့

အရေးသားများအလယ် ဆေးသားမချယ်ပဲ

မောင် မင်း ကို အ ရမ်း ချစ် တယ်


Photo: <3<3<3 အ ရမ်း ချစ် တယ်  <3<3<3




နှုတ်တစ်ရာ စာတစ်လုံးနဲ့

ချစ်တာတွေ စာသီကုံးမယ်

ဝေဒနာတွေ ဖြေသာစရာ

ရှားသူမို့ အသည်းထဲပစ်

စွဲလန်းချစ်တော့ သစ္စာတွေထား

ချစ်တာကိုများ အပြစ်မဆိုနဲ့လား ............


တမာရယ်ချို ကောင်းကင်လည်းပြို

အီကွေတာမှာ လမင်းသာမှ

မုန်း မေ့ မဲ့  မောင် ပါ ပဲ လို့

အဖြစ်သည်းကာ ပြောများပြောရင်

အကြွားပိုတယ် ဆိုနေအုံးမယ်

မခွဲတမ်းတစ်သက် စွဲလန်းလျှက်မို့

အရေးသားများအလယ် ဆေးသားမချယ်ပဲ

မောင် မင်း ကို အ ရမ်း ချစ် တယ် 

No comments:

Post a Comment