ဇဝေဇဝါနဲ့ မသေခြာခြင်းတွေက
မောင့် ကိုယ်ခေါ်ဆောင်သွားလေရဲ့
အားငယ်သလား နားလည်ထားပါလို့
အားပေးမယ့်သူက အနားမှာမရှိလေတော့
ကျလိုက်တဲ့ မျက်ရည်စက်တွေက
ဟိုနားတစ်စက် ဒီနားတစ်စက်နဲ့
စိမ့်စိမ့်ကို ယိုထွက်နေတာပါလား
ဘယ်သူမြင် ဘယ်သူသိပါမလည်းနော်
နာစရာတွေကို စိတ်မှာဖြေလို့
ဩော် ဘဝအဖော်ပါလားဆိုပြီး
အသိ သစ္စာ အချစ် မေတ္တာတွေနဲ့
အကြင်နာတွေ ပိုတိုးလို့
ချစ်နေမိသူက မောင် ရယ်ပါလေ
ညအမှောင်မှာ လရောင်ဖြာပေမယ့်
မောင့် ရင်တွင်းမှ တေးဆိုသောငှက်က
ခွဲခွာအဝေး ပျံလို့ပြေးမပေါ့
စဉ်စားနေစဲ ကြံရွယ်စဲဝယ်
အထီးကျန်စွာ အဖော်မဲ့လို့
အကျည်းတန်တဲ့ စိတ္တဇညတွေအလယ်
အိပ် ပျက် ရက် ရှည် ကြာ ခဲ့ ပြီ လေ .

No comments:
Post a Comment